၃ ရာ 4:28-32 Common Language Bible (BCL)

28. ဘု​ရင်​ခံ​တိုင်း​သည်​မိ​မိ​တို့​၏​ဝေ​ပုံ​ကျ မု​ယော​စ​ပါး​နှင့်​ကောက်​ရိုး​ကို​လည်း​စစ် ရ​ထား​မြင်း​များ၊ လား​များ​အ​တွက်​လို အပ်​သည့်​နေ​ရာ​အ​ရပ်​သို့​အ​ရောက်​ပေး ဆက်​ကြ​၏။

29. ဘု​ရား​သ​ခင်​သည်​ရှော​လ​မုန်​အား ထူး​ကဲ သော​ဉာဏ်​ပ​ညာ​နှင့်​ထိုး​ထွင်း​ဉာဏ်​ကို​လည်း ကောင်း၊ အ​တိုင်း​မ​သိ​သော​အ​သိ​တ​ရား ကို​လည်း​ကောင်း​ပေး​တော်​မူ​၏။-

30. ရှော​လ​မုန်​သည်​အ​ရှေ့​တိုင်း​သား​ပညာ​ရှင် များ​နှင့် အီ​ဂျစ်​ပြည်​သား​ပ​ညာ​ရှင်​များ ထက်​ပင်​ပို​၍​ပ​ညာ​ရှိ​လေ​သည်။-

31. သူ​သည်​ဧ​ဇ​ရ​ဟိတ်​အမျိုး​သား​ဧ​သန်​ထက် လည်း​ကောင်း၊ မ​ဟော​လ​၏​သား​များ​ဖြစ် သော​ဟေ​မန်၊ ခါ​လ​ကော​လ​နှင့်​ဒါ​ရ​ဒ​တို့ ထက်​လည်း​ကောင်း​ပ​ညာ​ရှိ​၏။ သူ​သည်​လူ အ​ပေါင်း​တို့​တွင်​ပ​ညာ​အ​ရှိ​ဆုံး​ဖြစ် သ​တည်း။ ပတ်​ဝန်း​ကျင်​တိုင်း​နိုင်​ငံ​အ​ပေါင်း သို့​သူ​၏​ပ​ညာ​သ​တင်း​ပျံ့​နှံ့​၍​သွား ၏။-

32. သူ​စီ​ကုံး​ပြု​စု​သည့်​စ​ကား​ပုံ​သုံး​ထောင် နှင့်​သီ​ချင်း​တစ်​ထောင်​ကျော်​ရှိ​၏။-

၃ ရာ 4