20. ယုဒနှင့်ဣသရေလပြည်သူပြည်သားတို့သည် သမုဒ္ဒရာကမ်းခြေသဲလုံးနှင့်အမျှများပြား ကြ၏။ သူတို့သည်ရွှင်လန်းစွာစားသောက် နေထိုင်ကြ၏။-
21. ရှောလမုန်သည်ဥဖရတ်မြစ်မှဖိလိတ္တိပြည် နှင့်အီဂျစ်ပြည်နယ်စပ်တိုင်အောင် ရှိသမျှ သောတိုင်းနိုင်ငံတို့ကိုအစိုးရတော်မူ၏။ ထိုနိုင်ငံတို့သည်မင်းကြီးအားအခွန် ပဏ္ဏာဆက်သကြ၍ မင်းကြီးအသက်ရှင် သမျှကာလပတ်လုံးသူ၏လက်အောက် ခံနိုင်ငံများဖြစ်ကြ၏။
22. တစ်နေ့အတွက် ရှောလမုန်လိုအပ်သည့်ရိက္ခာ မှာ ဂျုံမှုန့်အနုတင်းတစ်ရာ့ငါးဆယ်နှင့်ဂျုံ မှုန့်အကြမ်းတင်းသုံးရာ။-
23. ဆတ်၊ သမင်၊ ဒရယ်နှင့်ကြက်များအပြင်ခြံ လှောင်မွေးသည့်နွားဆယ်ကောင်၊ စားကျက် နွားအကောင်နှစ်ဆယ်နှင့်သိုးအကောင် တစ်ရာဖြစ်၏။
24. ရှောလမုန်သည်ဥဖရတ်မြစ်ပေါ်ရှိတိဖသ မြို့မှ အနောက်ဘက်ဂါဇမြို့တိုင်အောင်ဥဖရတ် မြစ်အနောက်ဘက်ခြမ်းနယ်မြေအပေါင်းကို အစိုးရတော်မူ၏။ ဥဖရတ်မြစ်၏အနောက် ဘက်ရှိဘုရင်အပေါင်းတို့သည်သူ၏လက် အောက်ခံများဖြစ်ကြ၏။ သူသည်လည်းမိမိ အိမ်နီးချင်းတိုင်းပြည်ရှိသမျှနှင့်ငြိမ်းချမ်း စွာနေထိုင်တော်မူ၏။-
25. သူအသက်ရှင်သမျှကာလပတ်လုံးယုဒ ပြည်နှင့် ဣသရေလပြည်တစ်ဝန်းလုံးရှိလူ တို့သည် မိမိတို့အိမ်ထောင်စုအသီးသီးပိုင် စပျစ်ခြံ၊ သင်္ဘောသဖန်းခြံတွင်ဘေးမဲ့ လုံခြုံစွာနေထိုင်ကြလေသည်။
26. ရှောလမုန်မင်းတွင်ရထားမြင်းများအတွက် မြင်းဇောင်းလေးသောင်းနှင့်တိုက်မြင်းများ အတွက်မြင်းဇောင်းတစ်သောင်းနှစ်ထောင် ရှိလေသည်။-
27. တစ်လလျှင်တစ်ယောက်ကျရိက္ခာပေးဆက် ရန် တာဝန်ပေးခြင်းခံရသည့်ဘုရင်ခံတစ် ဆယ့်နှစ်ယောက်တို့သည် ရှောလမုန်မင်းကိုယ် တိုင်စားသုံးရန်အတွက်နှင့် နန်းတွင်းသား အပေါင်းတို့အတွက်လိုအပ်သောရိက္ခာများ ကိုပေးဆက်ရကြ၏။ သူတို့သည်နန်းတော် တွင်လိုအပ်သောအရာမှန်သမျှကိုအစဉ် အမြဲပေးဆက်ရကြလေသည်။-
28. ဘုရင်ခံတိုင်းသည်မိမိတို့၏ဝေပုံကျ မုယောစပါးနှင့်ကောက်ရိုးကိုလည်းစစ် ရထားမြင်းများ၊ လားများအတွက်လို အပ်သည့်နေရာအရပ်သို့အရောက်ပေး ဆက်ကြ၏။
29. ဘုရားသခင်သည်ရှောလမုန်အား ထူးကဲ သောဉာဏ်ပညာနှင့်ထိုးထွင်းဉာဏ်ကိုလည်း ကောင်း၊ အတိုင်းမသိသောအသိတရား ကိုလည်းကောင်းပေးတော်မူ၏။-
30. ရှောလမုန်သည်အရှေ့တိုင်းသားပညာရှင် များနှင့် အီဂျစ်ပြည်သားပညာရှင်များ ထက်ပင်ပို၍ပညာရှိလေသည်။-
31. သူသည်ဧဇရဟိတ်အမျိုးသားဧသန်ထက် လည်းကောင်း၊ မဟောလ၏သားများဖြစ် သောဟေမန်၊ ခါလကောလနှင့်ဒါရဒတို့ ထက်လည်းကောင်းပညာရှိ၏။ သူသည်လူ အပေါင်းတို့တွင်ပညာအရှိဆုံးဖြစ် သတည်း။ ပတ်ဝန်းကျင်တိုင်းနိုင်ငံအပေါင်း သို့သူ၏ပညာသတင်းပျံ့နှံ့၍သွား ၏။-
32. သူစီကုံးပြုစုသည့်စကားပုံသုံးထောင် နှင့်သီချင်းတစ်ထောင်ကျော်ရှိ၏။-