2. သူ၏မှူးတော်မတ်တော်များမှာအောက်ပါ အတိုင်းဖြစ်သည်။ယဇ်ပုရောဟိတ်ဇာဒုတ်၏သားအာဇရိ၊
3. နန်းတော်အတွင်းဝန်များ၊ ရှိရှ၏သားများဖြစ် ကြသောဧလိဟောရပ်နှင့်အဟိယမှတ်တမ်း တာဝန်ခံ၊ အဟိလုပ်၏သားယေဟောရှဖတ်၊
4. တပ်မတော်ဗိုလ်ချုပ်၊ ယောယဒ၏သားဗေနာယ၊ ယဇ်ပုရောဟိတ်များ၊ ဇာဒုတ်နှင့်အဗျာသာ၊
5. နယ်ဘုရင်ခံချုပ်၊ နာသန်၏သားအာဇရိ၊ ဘုရင့် အတိုင်ပင်ခံအမတ်၊ နာသန်၏သားယဇ်ပုရော ဟိတ်ဇာဗုဒ်၊
6. နန်းတော်အုပ်၊ အဟိရှာ၊ ချွေးတပ်ဝန်၊ အာဗဒ ၏သားအဒေါနိရံ၊
7. ရှောလမုန်သည်ဣသရေလနိုင်ငံတွင် နယ်ဘုရင် ခံတစ်ဆယ့်နှစ်ယောက်ခန့်ထားလေသည်။ ထိုသူ တို့သည်တစ်ယောက်လျှင်တစ်လစီ၊ မင်းကြီး နှင့်နန်းတော်အတွက်မိမိ၏နယ်မှရိက္ခာများ ကိုပေးဆက်ရကြ၏။-
8. ထိုဘုရင်ခံများနှင့်သူတို့ပိုင်သည့်နယ်များ မှာအောက်ပါအတိုင်းဖြစ်၏။ဗင်ဟုရ၊ဧဖရိမ်တောင်ကုန်း
9. ဗင်ဒေကာ၊မာကတ်မြို့၊ရှာလဗိမ်မြို့၊ဗက်ရှေမက်မြို့၊ ဧလုဒ်မြို့နှင့်ဗက်ဟနန်မြို့၊
10. ဗင်ဟေသက်၊အရုဗုတ်မြို့၊စောခေါမြို့နှင့်ဟေဖာ နယ်မြေတစ်ခုလုံး၊
11. ရှောလမုန်၏သမီးတော်တာဖတ်နှင့်စုံဖက်သည့် ဗင်အဘိနဒပ်၊ဒေါရနယ်မြေတစ်ခုလုံး၊