၃ ရာ 4:17-27 Common Language Bible (BCL)

17. ပါ​ရွာ​၏​သား​ယော​ရှ​ဖတ်၊ဣ​ဿ​ခါ​နယ်​မြေ

18. ဧ​လာ​၏​သား​ရှိ​မိ၊ဗင်္ယာ​မိန်​နယ်​မြေ

19. ဥ​ရိ​၏​သား​ဂေ​ဗ​အာ​မော​ရိ​ဘု​ရင်​ရှိ​ဟုန် နှင့်၊ဗာ​ရှန်​ဘု​ရင်​သြ​ဃ​အုပ်​စိုး​ခဲ့​သော​ဂိ​လဒ် နယ်​မြေ၊ ဤ​ဘု​ရင်​ခံ​တစ်​ဆယ်​နှစ်​ယောက် အ​ပြင် တစ်​ပြည်​လုံး​အုပ်​စိုး​ရ​သည့်​ဘု​ရင်​ခံ တစ်​ယောက်​ရှိ​သေး​သ​တည်း။

20. ယု​ဒ​နှင့်​ဣသ​ရေ​လ​ပြည်​သူ​ပြည်​သား​တို့​သည် သ​မုဒ္ဒ​ရာ​ကမ်း​ခြေ​သဲ​လုံး​နှင့်​အ​မျှ​များ​ပြား ကြ​၏။ သူ​တို့​သည်​ရွှင်​လန်း​စွာ​စား​သောက် နေ​ထိုင်​ကြ​၏။-

21. ရှော​လ​မုန်​သည်​ဥ​ဖ​ရတ်​မြစ်​မှ​ဖိ​လိတ္တိ​ပြည် နှင့်​အီ​ဂျစ်​ပြည်​နယ်​စပ်​တိုင်​အောင် ရှိ​သ​မျှ သော​တိုင်း​နိုင်​ငံ​တို့​ကို​အ​စိုး​ရ​တော်​မူ​၏။ ထို​နိုင်​ငံ​တို့​သည်​မင်း​ကြီး​အား​အ​ခွန် ပဏ္ဏာ​ဆက်​သ​ကြ​၍ မင်း​ကြီး​အ​သက်​ရှင် သ​မျှ​ကာ​လ​ပတ်​လုံး​သူ​၏​လက်​အောက် ခံ​နိုင်​ငံ​များ​ဖြစ်​ကြ​၏။

22. တစ်​နေ့​အ​တွက် ရှော​လ​မုန်​လို​အပ်​သည့်​ရိက္ခာ မှာ ဂျုံ​မှုန့်​အ​နု​တင်း​တစ်​ရာ့​ငါး​ဆယ်​နှင့်​ဂျုံ မှုန့်​အ​ကြမ်း​တင်း​သုံး​ရာ။-

23. ဆတ်၊ သ​မင်၊ ဒ​ရယ်​နှင့်​ကြက်​များ​အ​ပြင်​ခြံ လှောင်​မွေး​သည့်​နွား​ဆယ်​ကောင်၊ စား​ကျက် နွား​အ​ကောင်​နှစ်​ဆယ်​နှင့်​သိုး​အ​ကောင် တစ်​ရာ​ဖြစ်​၏။

24. ရှော​လ​မုန်​သည်​ဥ​ဖ​ရတ်​မြစ်​ပေါ်​ရှိ​တိ​ဖ​သ မြို့​မှ အ​နောက်​ဘက်​ဂါ​ဇ​မြို့​တိုင်​အောင်​ဥ​ဖ​ရတ် မြစ်​အ​နောက်​ဘက်​ခြမ်း​နယ်​မြေ​အ​ပေါင်း​ကို အ​စိုး​ရ​တော်​မူ​၏။ ဥ​ဖ​ရတ်​မြစ်​၏​အ​နောက် ဘက်​ရှိ​ဘု​ရင်​အ​ပေါင်း​တို့​သည်​သူ​၏​လက် အောက်​ခံ​များ​ဖြစ်​ကြ​၏။ သူ​သည်​လည်း​မိ​မိ အိမ်​နီး​ချင်း​တိုင်း​ပြည်​ရှိ​သ​မျှ​နှင့်​ငြိမ်း​ချမ်း စွာ​နေ​ထိုင်​တော်​မူ​၏။-

25. သူ​အ​သက်​ရှင်​သ​မျှ​ကာ​လ​ပတ်​လုံး​ယု​ဒ ပြည်​နှင့် ဣ​သ​ရေ​လ​ပြည်​တစ်​ဝန်း​လုံး​ရှိ​လူ တို့​သည် မိ​မိ​တို့​အိမ်​ထောင်​စု​အ​သီး​သီး​ပိုင် စ​ပျစ်​ခြံ၊ သင်္ဘော​သ​ဖန်း​ခြံ​တွင်​ဘေး​မဲ့ လုံ​ခြုံ​စွာ​နေ​ထိုင်​ကြ​လေ​သည်။

26. ရှော​လ​မုန်​မင်း​တွင်​ရ​ထား​မြင်း​များ​အ​တွက် မြင်း​ဇောင်း​လေး​သောင်း​နှင့်​တိုက်​မြင်း​များ အ​တွက်​မြင်း​ဇောင်း​တစ်​သောင်း​နှစ်​ထောင် ရှိ​လေ​သည်။-

27. တစ်​လ​လျှင်​တစ်​ယောက်​ကျ​ရိက္ခာ​ပေး​ဆက် ရန် တာ​ဝန်​ပေး​ခြင်း​ခံ​ရ​သည့်​ဘု​ရင်​ခံ​တစ် ဆယ့်​နှစ်​ယောက်​တို့​သည် ရှော​လ​မုန်​မင်း​ကိုယ် တိုင်​စား​သုံး​ရန်​အ​တွက်​နှင့် နန်း​တွင်း​သား အ​ပေါင်း​တို့​အ​တွက်​လို​အပ်​သော​ရိက္ခာ​များ ကို​ပေး​ဆက်​ရ​ကြ​၏။ သူ​တို့​သည်​နန်း​တော် တွင်​လို​အပ်​သော​အ​ရာ​မှန်​သ​မျှ​ကို​အ​စဉ် အ​မြဲ​ပေး​ဆက်​ရ​ကြ​လေ​သည်။-

၃ ရာ 4