17. ပါရွာ၏သားယောရှဖတ်၊ဣဿခါနယ်မြေ
18. ဧလာ၏သားရှိမိ၊ဗင်္ယာမိန်နယ်မြေ
19. ဥရိ၏သားဂေဗအာမောရိဘုရင်ရှိဟုန် နှင့်၊ဗာရှန်ဘုရင်သြဃအုပ်စိုးခဲ့သောဂိလဒ် နယ်မြေ၊ ဤဘုရင်ခံတစ်ဆယ်နှစ်ယောက် အပြင် တစ်ပြည်လုံးအုပ်စိုးရသည့်ဘုရင်ခံ တစ်ယောက်ရှိသေးသတည်း။
20. ယုဒနှင့်ဣသရေလပြည်သူပြည်သားတို့သည် သမုဒ္ဒရာကမ်းခြေသဲလုံးနှင့်အမျှများပြား ကြ၏။ သူတို့သည်ရွှင်လန်းစွာစားသောက် နေထိုင်ကြ၏။-