၃ ရာ 3:9-26 Common Language Bible (BCL)

9. သို့​ဖြစ်​၍​ကိုယ်​တော်​ရှင်​၏​လူ​မျိုး​တော်​အား တ​ရား​မျှ​တ​စွာ​အုပ်​စိုး​နိုင်​စေ​ရန် အ​ကျွန်ုပ် အား​ဉာဏ်​ပ​ညာ​ကို​ပေး​တော်​မူ​ပါ။ ယင်း​သို့ ပေး​တော်​မ​မူ​ပါ​လျှင်​အ​ကျွန်ုပ်​သည် ဤ​မျှ များ​ပြား​သော​ကိုယ်​တော်​ရှင့်​လူ​မျိုး​တော်​ကို အ​ဘယ်​သို့​လျှင်​အုပ်​စိုး​နိုင်​ပါ​မည်​နည်း''ဟု တောင်း​လျှောက်​လေ​၏။

10. ဤ​သို့​ရှော​လ​မုန်​တောင်း​လျှောက်​သည်​ကို ထာ​ဝ​ရ​ဘု​ရား​သည်​နှစ်​သက်​တော်​မူ​သ​ဖြင့်၊-

11. ``သင်​သည်​မိ​မိ​အ​သက်​ရှည်​မှု၊ ချမ်း​သာ​ကြွယ်​ဝ မှု​သို့​မ​ဟုတ်​ရန်​သူ​များ​သေ​ကြေ​ပျက်​စီး​မှု ကို​တောင်း​လျှောက်​မည့်​အ​စား​တ​ရား​မျှ​တ စွာ​အုပ်​စိုး​နိုင်​ရန် ဉာဏ်​ပ​ညာ​ကို​တောင်း​လျှောက် သည်​ဖြစ်​၍၊-

12. သင်​တောင်း​လျှောက်​သည့်​အ​တိုင်း​ငါ​ပြု​မည်။ သင် ၏​အ​လျင်​အ​ဘယ်​သူ​မျှ​မ​ရ​ရှိ​စ​ဖူး၊ သင်​၏ နောက်​၌​လည်း​ရ​ရှိ​လိမ့်​မည်​မ​ဟုတ်​သည့် ဉာဏ် ပ​ညာ​နှင့်​အ​သိ​တ​ရား​ကို​သင်​အား​ငါ​ပေး မည်။-

13. သင်​မ​တောင်း​လျှောက်​သည့်​ဆု​ကို​လည်း​ငါ​ပေး မည်။ သင်​သည်​တစ်​သက်​လုံး​အ​ခြား​အ​ဘယ် ဘု​ရင်​နှင့်​မျှ​မ​တူ​အောင် စည်း​စိမ်​ချမ်း​သာ နှင့်​ဂုဏ်​အ​သ​ရေ​ကို​ငါ​ပေး​မည်။-

14. သင်​သည်​သင်​၏​ခ​မည်း​တော်​ဒါ​ဝိဒ်​နည်း​တူ ငါ​၏​ပ​ညတ်​တော်​များ​နှင့်​အ​မိန့်​တော်​တို့ ကို​လိုက်​နာ​လျှင် ငါ​သည်​သင့်​အား​ကြာ​ရှည် သော​အ​သက်​ကို​လည်း​ငါ​ပေး​မည်''ဟု​မိန့် တော်​မူ​၏။

15. ရှော​လ​မုန်​သည်​အိပ်​ရာ​မှ​နိုး​၍ မိ​မိ​သည်​ဘု​ရား​သ​ခင်​မိန့်​တော်​မူ​သော​စ​ကား​များ​ကို​အိပ်​မက် တွင်​ကြား​သိ​ခဲ့​ရ​ကြောင်း​ကို​သိ​လေ​၏။ ထို့​နောက် သူ​သည်​ယေ​ရု​ရှ​လင်​မြို့​သို့​သွား​၍ ထာ​ဝရ​ဘု​ရား ၏​ပ​ဋိ​ညာဉ်​သေတ္တာ​တော်​ရှေ့​တွင်​ရပ်​လျက် မီး​ရှို့​ရာ ပူ​ဇော်​သ​ကာ​များ​နှင့်​မိတ်​သ​ဟာ​ယဇ်​တို့​ကို ထာ​ဝ​ရ​ဘု​ရား​အား​ပူ​ဇော်​ပြီး​နောက် မှူး​မတ် အ​ပေါင်း​တို့​အ​တွက်​စား​သောက်​ပွဲ​ကို​ကျင်း​ပ လေ​သည်။

16. အ​ခါ​တစ်​ပါး​၌​ပြည့်​တန်​ဆာ​နှစ်​ယောက်​တို့​သည် လာ​၍​ရှော​လ​မုန်​မင်း​၏​ရှေ့​တော်​၌​ရပ်​ကြ​၏။-

17. တစ်​ယောက်​က``အ​ရှင်​မင်း​ကြီး၊ ကျွန်​မ​သည်​ဤ မိန်း​မ​နှင့်​တစ်​အိမ်​တည်း​နေ​ထိုင်​ပါ​သည်။ ယင်း သို့​နေ​ထိုင်​စဉ်​သား​က​လေး​တစ်​ယောက်​ကို ဖွား​မြင်​ပါ​သည်။-

18. ကျွန်​မ​က​လေး​မွေး​ပြီး​၍​သုံး​ရက်​အ​ကြာ တွင် ဤ​မိန်း​မ​သည်​လည်း​သား​က​လေး​တစ် ယောက်​ကို​ဖွား​မြင်​ပါ​၏။-

19. အိမ်​တွင်​ကျွန်​မ​တို့​နှစ်​ဦး​သာ​လျှင်​ရှိ​ပါ​၏။ အ​ခြား​မည်​သူ​မျှ​မ​ရှိ​ပါ။ တစ်​ည​သ​၌​ဤ မိန်း​မ​သည်​မိ​မိ​၏​သား​ငယ်​ကို​မ​တော်​တ​ဆ ဖိ​၍​အိပ်​မိ​သ​ဖြင့်​သား​ငယ်​သေ​ဆုံး​သွား​ပါ​၏။-

20. သူ​သည်​ညဥ့်​ချင်း​တွင်​ပင်​ထ​၍​ကျွန်​မ​အိပ်​ပျော် နေ​စဉ် နံ​ဘေး​ရှိ​ကျွန်​မ​၏​သား​ငယ်​ကို​ပွေ့​၍​မိ​မိ အိပ်​ရာ​သို့​ယူ​သွား​ပါ​၏။ ထို့​နောက်​သေ​နေ​သော က​လေး​ကို​ကျွန်မ​၏​အိပ်​ရာ​တွင်​ထား​ပါ​၏။-

21. နောက်​တစ်​နေ့​နံ​နက်​၌​ကျွန်​မ​သည်​အိပ်​ရာ မှ​နိုး​၍ က​လေး​ကို​နို့​တိုက်​မည်​ပြု​သော​အ​ခါ က​လေး​သေ​နေ​သည်​ကို​တွေ့​ရ​ပါ​သည်။ က​လေး ကို​သေ​ချာ​စွာ​ကြည့်​ရာ​ထို​က​လေး​သည် ကျွန်​မ​၏​က​လေး​မ​ဟုတ်​ကြောင်း​သိ​ရှိ​ရ ပါ​၏'' ဟု​လျှောက်​ထား​လေ​သည်။

22. သို့​ရာ​တွင်​အ​ခြား​မိန်း​မ​က``သင်​၏​စ​ကား မ​မှန်​ပါ။ အ​သက်​ရှင်​လျက်​နေ​သည့်​က​လေး သည်​ငါ​၏​က​လေး​ဖြစ်​၍ သေ​နေ​သော​က​လေး မှာ​သင့်​က​လေး​ဖြစ်​ပါ​သည်'' ဟု​ဆို​၏။ပ​ထ​မ​မိန်း​မ​က​လည်း``သင့်​စ​ကား​မ​မှန်​ပါ။ သေ​နေ​သော​က​လေး​သည်​သင်​၏​က​လေး​ဖြစ် ၍​အ​သက်​ရှင်​လျက်​ရှိ​သည့်​က​လေး​မှာ​ငါ​၏ က​လေး​ဖြစ်​ပါ​သည်'' ဟု​ပြန်​ပြော​လေ​၏။ဤ​သို့​လျှင်​သူ​တို့​နှစ်​ဦး​သည် မင်း​ကြီး​၏ ရှေ့​တော်​တွင်​ငြင်း​ခုံ​လျက်​နေ​ကြ​၏။

23. ထို​အ​ခါ​မင်း​ကြီး​သည်``သင်​တို့​နှစ်​ဦး​စ​လုံး​က အ​သက်​ရှင်​လျက်​ရှိ​သည့်​က​လေး​သည်​ငါ​၏​သား၊ သေ​နေ​သော​က​လေး​သည် သင်​၏​သား​ဟု​ပြော ဆို​နေ​ကြ​၏'' ဟု​မိန့်​တော်​မူ​ပြီး​လျှင်၊

26. မိ​ခင်​စစ်​သည်​မိ​မိ​၏​သား​ကို​ချစ်​လှ​သ​ဖြင့် မင်း​ကြီး​အား``အ​ရှင်​မင်း​ကြီး၊ က​လေး​ကို သတ်​တော်​မ​မူ​ပါ​နှင့်။ ထို​မိန်း​မ​အား​ပေး တော်​မူ​ပါ''ဟု​လျှောက်​၏။သို့​ရာ​တွင်​အ​ခြား​မိန်း​မ​က``က​လေး​ကို​မည် သူ​မျှ​မ​ယူ​ပါ​စေ​နှင့်။ နှစ်​ပိုင်း​ဖြတ်​တော်​မူ​ပါ'' ဟု​လျှောက်​လေ​သည်။-

၃ ရာ 3