၃ ရာ 3:22-27 Common Language Bible (BCL)

22. သို့​ရာ​တွင်​အ​ခြား​မိန်း​မ​က``သင်​၏​စ​ကား မ​မှန်​ပါ။ အ​သက်​ရှင်​လျက်​နေ​သည့်​က​လေး သည်​ငါ​၏​က​လေး​ဖြစ်​၍ သေ​နေ​သော​က​လေး မှာ​သင့်​က​လေး​ဖြစ်​ပါ​သည်'' ဟု​ဆို​၏။ပ​ထ​မ​မိန်း​မ​က​လည်း``သင့်​စ​ကား​မ​မှန်​ပါ။ သေ​နေ​သော​က​လေး​သည်​သင်​၏​က​လေး​ဖြစ် ၍​အ​သက်​ရှင်​လျက်​ရှိ​သည့်​က​လေး​မှာ​ငါ​၏ က​လေး​ဖြစ်​ပါ​သည်'' ဟု​ပြန်​ပြော​လေ​၏။ဤ​သို့​လျှင်​သူ​တို့​နှစ်​ဦး​သည် မင်း​ကြီး​၏ ရှေ့​တော်​တွင်​ငြင်း​ခုံ​လျက်​နေ​ကြ​၏။

23. ထို​အ​ခါ​မင်း​ကြီး​သည်``သင်​တို့​နှစ်​ဦး​စ​လုံး​က အ​သက်​ရှင်​လျက်​ရှိ​သည့်​က​လေး​သည်​ငါ​၏​သား၊ သေ​နေ​သော​က​လေး​သည် သင်​၏​သား​ဟု​ပြော ဆို​နေ​ကြ​၏'' ဟု​မိန့်​တော်​မူ​ပြီး​လျှင်၊

24-25. ဋ္ဌား​တစ်​လက်​ကို​တောင်း​ယူ​တော်​မူ​၍ ရ​ရှိ​တော် မူ​သော​အ​ခါ``အ​သက်​ရှင်​လျက်​ရှိ​သော​က​လေး ကို​နှစ်​ပိုင်း​ဖြတ်​၍ ဤ​မိန်း​မ​တို့​အား​တစ်​ပိုင်း​စီ ဝေ​ပေး​လော့'' ဟု​မိန့်​တော်​မူ​၏။

26. မိ​ခင်​စစ်​သည်​မိ​မိ​၏​သား​ကို​ချစ်​လှ​သ​ဖြင့် မင်း​ကြီး​အား``အ​ရှင်​မင်း​ကြီး၊ က​လေး​ကို သတ်​တော်​မ​မူ​ပါ​နှင့်။ ထို​မိန်း​မ​အား​ပေး တော်​မူ​ပါ''ဟု​လျှောက်​၏။သို့​ရာ​တွင်​အ​ခြား​မိန်း​မ​က``က​လေး​ကို​မည် သူ​မျှ​မ​ယူ​ပါ​စေ​နှင့်။ နှစ်​ပိုင်း​ဖြတ်​တော်​မူ​ပါ'' ဟု​လျှောက်​လေ​သည်။-

27. ရှော​လ​မုန်​က``က​လေး​ကို​မ​သတ်​နှင့်​တော့။ သူ့​ကို ပ​ထ​မ​မိန်း​မ​အား​ပေး​လော့။ ထို​မိန်း​မ​သည် က​လေး​၏​မိ​ခင်​စစ်​ဖြစ်​၏'' ဟု​မိန့်​တော်​မူ​၏။

၃ ရာ 3