21. နောက်တစ်နေ့နံနက်၌ကျွန်မသည်အိပ်ရာ မှနိုး၍ ကလေးကိုနို့တိုက်မည်ပြုသောအခါ ကလေးသေနေသည်ကိုတွေ့ရပါသည်။ ကလေး ကိုသေချာစွာကြည့်ရာထိုကလေးသည် ကျွန်မ၏ကလေးမဟုတ်ကြောင်းသိရှိရ ပါ၏'' ဟုလျှောက်ထားလေသည်။
22. သို့ရာတွင်အခြားမိန်းမက``သင်၏စကား မမှန်ပါ။ အသက်ရှင်လျက်နေသည့်ကလေး သည်ငါ၏ကလေးဖြစ်၍ သေနေသောကလေး မှာသင့်ကလေးဖြစ်ပါသည်'' ဟုဆို၏။ပထမမိန်းမကလည်း``သင့်စကားမမှန်ပါ။ သေနေသောကလေးသည်သင်၏ကလေးဖြစ် ၍အသက်ရှင်လျက်ရှိသည့်ကလေးမှာငါ၏ ကလေးဖြစ်ပါသည်'' ဟုပြန်ပြောလေ၏။ဤသို့လျှင်သူတို့နှစ်ဦးသည် မင်းကြီး၏ ရှေ့တော်တွင်ငြင်းခုံလျက်နေကြ၏။
23. ထိုအခါမင်းကြီးသည်``သင်တို့နှစ်ဦးစလုံးက အသက်ရှင်လျက်ရှိသည့်ကလေးသည်ငါ၏သား၊ သေနေသောကလေးသည် သင်၏သားဟုပြော ဆိုနေကြ၏'' ဟုမိန့်တော်မူပြီးလျှင်၊
24-25. ဋ္ဌားတစ်လက်ကိုတောင်းယူတော်မူ၍ ရရှိတော် မူသောအခါ``အသက်ရှင်လျက်ရှိသောကလေး ကိုနှစ်ပိုင်းဖြတ်၍ ဤမိန်းမတို့အားတစ်ပိုင်းစီ ဝေပေးလော့'' ဟုမိန့်တော်မူ၏။