1. ရှောလမုန်မင်းသည်အီဂျစ်ဘုရင်၏သမီးကို မိဖုရားမြှောက်ခြင်းအားဖြင့် ထိုမင်းနှင့်မဟာ မိတ်ဖွဲ့တော်မူ၏။ ထို့နောက်မိမိတည်ဆောက်လျက် ရှိသည့်နန်းတော်၊ ဗိမာန်တော်နှင့်မြို့ရိုးမပြီးမီ ဒါဝိဒ်မြို့တွင်နေထိုင်ရန်မင်းသမီးအားခေါ် ဆောင်ခဲ့၏။-
2. ထာဝရဘုရားအတွက်ဗိမာန်တော်မဆောက် ရသေးသဖြင့် လူတို့သည်ယဇ်ပလ္လင်အနှံ့ အပြားတို့တွင်ယဇ်ပူဇော်လျက်ရှိနေကြ သေး၏။-
3. ရှောလမုန်မင်းသည်ထာဝရဘုရားကိုချစ်၍ မိမိခမည်းတော်၏ပြညွှန်သွန်သင်ချက်တို့ ကိုလိုက်နာသော်လည်း တိရစ္ဆာန်များကိုသတ် ၍ယဇ်ပလ္လင်အမျိုးမျိုးတွင်ယဇ်ပူဇော်လေ သည်။
24-25. ဋ္ဌားတစ်လက်ကိုတောင်းယူတော်မူ၍ ရရှိတော် မူသောအခါ``အသက်ရှင်လျက်ရှိသောကလေး ကိုနှစ်ပိုင်းဖြတ်၍ ဤမိန်းမတို့အားတစ်ပိုင်းစီ ဝေပေးလော့'' ဟုမိန့်တော်မူ၏။