၃ ရာ 22:44-49 Common Language Bible (BCL)

44. ယော​ရှ​ဖတ်​သည်​ဣသ​ရေ​လ​ဘု​ရင်​နှင့်​လည်း ငြိမ်း​ချမ်း​စွာ​နေ​တော်​မူ​၏။

45. ယော​ရှ​ဖတ်​ဆောင်​ရွက်​ခဲ့​သည့်​အ​ခြား​အ​မှု​အ​ရာ အ​လုံး​စုံ​ကို​လည်း​ကောင်း၊ သူ​၏​စွန့်​စား​မှု​များ​နှင့် သူ​ဆင်​နွှဲ​ခဲ့​သည့်​တိုက်​ပွဲ​များ​ကို​လည်း​ကောင်း ယု​ဒ​ရာ​ဇ​ဝင်​တွင်​ရေး​ထား​သ​တည်း။-

46. သူ​သည်​ရုပ်​တု​ကိုး​ကွယ်​ရာ​ဌာ​န​များ​တွင်​ခ​မည်း တော်​အာ​သ​လက်​ထက်​မှ ကျန်​ရစ်​ခဲ့​သည့်​အ​မျိုး သား​ပြည့်​တန်​ဆာ​များ​နှင့်​အ​မျိုး​သ​မီး​ပြည့် တန်​ဆာ​များ​အား​လုံး​ကို​သုတ်​သင်​ပယ်​ရှင်း တော်​မူ​၏။

47. ဧ​ဒုံ​ပြည်​တွင်​ဘု​ရင်​မ​ရှိ။ ယု​ဒ​ဘု​ရင်​ခန့်​ထား သည့်​ဘု​ရင်​ခံ​က​ထို​ပြည်​ကို​အုပ်​ချုပ်​ရ​လေ​သည်။

48. ယော​ရှ​ဖတ်​မင်း​သည်​သြ​ဖိ​ရ​ပြည်​မှ​ရွှေ​ကို​ယူ ဆောင်​ရန် ပင်​လယ်​ကူး​သင်္ဘော​များ​ကို​တည်​ဆောက် စေ​သော်​လည်း ထို​သင်္ဘော​တို့​သည်​ဧ​ဇ​ယုန်​ဂါ​ဗာ မြို့​တွင်​ပျက်​သွား​သ​ဖြင့်​သင်္ဘော​မ​လွှင့်​ရ​ကြ​ချေ။-

49. ထို​အ​ခါ​ဣ​သ​ရေ​လ​ဘု​ရင်​အာ​ခ​ဇိ​က​မိ​မိ ၏​လူ​တို့​နှင့်​အ​တူ ယော​ရှ​ဖတ်​၏​လူ​တို့​အား သင်္ဘော​လွှင့်​ခွင့်​ပြု​မည်​ဟု စ​ကား​ကမ်း​လှမ်း​သော် လည်း​ယော​ရှ​ဖတ်​က​ထို​ကမ်း​လှမ်း​ချက်​ကို လက်​ခံ​တော်​မ​မူ။

၃ ရာ 22