41. ဣသရေလဘုရင်အာဟပ်၏နန်းစံစတုတ္ထနှစ်၌ အာသ၏သားတော်ယောရှဖတ်သည်ယုဒပြည် တွင်နန်းတက်၍၊-
42. ယေရုရှလင်မြို့တွင်နှစ်ဆယ့်ငါးနှစ်နန်းစံ လေသည်။ နန်းတက်ချိန်၌သူသည်အသက်သုံး ဆယ့်ငါးနှစ်ရှိ၏။ သူ၏မယ်တော်မှာရှိလဟိ ၏သမီးအဇုဘဖြစ်၏။-
43. သူသည်မိမိအလျင်နန်းစံခဲ့သည့်ခမည်းတော် အာသကဲ့သို့ပင် ထာဝရဘုရား၏ရှေ့တော်မှောက် တွင်ဖြောင့်မှန်စွာပြုကျင့်လေ့ရှိ၏။ သို့ရာတွင်ရုပ်တု ကိုးကွယ်ရာဌာနများကိုမူမဖြိုမဖျက်သဖြင့် လူ တို့သည်ထိုအရပ်များတွင်ဆက်လက်၍ယဇ်ပူဇော် ၍နံ့သာပေါင်းကိုမီးရှို့ကြလေသည်။-
44. ယောရှဖတ်သည်ဣသရေလဘုရင်နှင့်လည်း ငြိမ်းချမ်းစွာနေတော်မူ၏။
45. ယောရှဖတ်ဆောင်ရွက်ခဲ့သည့်အခြားအမှုအရာ အလုံးစုံကိုလည်းကောင်း၊ သူ၏စွန့်စားမှုများနှင့် သူဆင်နွှဲခဲ့သည့်တိုက်ပွဲများကိုလည်းကောင်း ယုဒရာဇဝင်တွင်ရေးထားသတည်း။-