၃ ရာ 22:39-42 Common Language Bible (BCL)

39. အာ​ဟပ်​မင်း​၏​ဆင်​စွယ်​နန်း​တော်​အ​ကြောင်း နှင့် သူ​တည်​ထောင်​ခဲ့​သော​မြို့​များ​အ​ပါ​ဝင် သူ​ဆောင်​ရွက်​ခဲ့​သည့်​အ​ခြား​အ​မှု​အ​ရာ​ရှိ သ​မျှ​ကို​ဣ​သ​ရေ​လ​ရာ​ဇ​ဝင်​တွင်​ရေး ထား​သ​တည်း။-

40. အာ​ဟပ်​ကွယ်​လွန်​သော​အ​ခါ​သား​တော်​အာ​ခ​ဇိ သည် ခ​မည်း​တော်​၏​အ​ရိုက်​အ​ရာ​ကို​ဆက်​ခံ​၍ နန်း​တက်​လေ​သည်။

41. ဣ​သ​ရေ​လ​ဘု​ရင်​အာ​ဟပ်​၏​နန်း​စံ​စ​တုတ္ထ​နှစ်​၌ အာ​သ​၏​သား​တော်​ယော​ရှ​ဖတ်​သည်​ယု​ဒ​ပြည် တွင်​နန်း​တက်​၍၊-

42. ယေ​ရု​ရှ​လင်​မြို့​တွင်​နှစ်​ဆယ့်​ငါး​နှစ်​နန်း​စံ လေ​သည်။ နန်း​တက်​ချိန်​၌​သူ​သည်​အသက်​သုံး ဆယ့်​ငါး​နှစ်​ရှိ​၏။ သူ​၏​မယ်​တော်​မှာ​ရှိ​လ​ဟိ ၏​သ​မီး​အ​ဇု​ဘ​ဖြစ်​၏။-

၃ ရာ 22