၃ ရာ 20:37-43 Common Language Bible (BCL)

37. ထို့​နောက်​အ​ရိုက်​ခိုင်း​သော​ပ​ရော​ဖက်​သည် အ​ခြား​သူ​တစ်​ဦး​ထံ​သွား​၍``ငါ့​ကို​ရိုက်​လော့'' ဟု​ဆို​သည့်​အ​တိုင်း​ထို​သူ​သည်​ပြင်း​စွာ​ရိုက် ၍​ဒဏ်​ရာ​ရ​စေ​၏။-

38. ပ​ရော​ဖက်​သည်​မိ​မိ​၏​မျက်​နှာ​ကို​အ​ဝတ် ဖြင့်​စည်း​ပြီး​လျှင် ရုပ်​ဖျက်​လျက်​လမ်း​နံ​ဘေး​တွင် အာ​ဟပ်​မင်း​အ​လာ​ကို​စောင့်​ဆိုင်း​လျက်​နေ​၏။-

39. မင်း​ကြီး​ကြွ​လာ​တော်​မူ​သော​အ​ခါ​ပ​ရော ဖက်​က``အ​ရှင်​မင်း​ကြီး၊ အ​ကျွန်ုပ်​သည်​တိုက်​ပွဲ ဝင်​လျက်​နေ​စဉ် စစ်​သား​တစ်​ယောက်​သည်​ရန်​သူ သုံ့​ပန်း​တစ်​ဦး​ကို​အ​ကျွန်ုပ်​ထံ​အပ်​၍`ဤ​သူ​ကို ထိန်း​သိမ်း​ထား​လော့။ အ​ကယ်​၍​ထို​သူ​ထွက်​ပြေး သွား​ပါ​က သင်​သည်​သူ​၏​အ​သက်​အ​စား​မိ​မိ ၏​အ​သက်​ကို​ပေး​လျော်​ရ​မည်။ သို့​မ​ဟုတ်​လျှင် လည်း​ငွေ​သား​သုံး​ထောင်​ဒဏ်​ဆောင်​ရ​မည်' ဟု မှာ​ကြား​ခဲ့​ပါ​၏။-

40. သို့​ရာ​တွင်​အ​ကျွန်ုပ်​သည်​အ​ခြား​အ​မှု​ကိစ္စ များ​နှင့်​အ​လုပ်​များ​နေ​စဉ်​ထို​သုံ့​ပန်း​ထွက် ပြေး​သွား​ပါ​သည်'' ဟု​လျှောက်​၏။မင်း​ကြီး​က``သင်​ကိုယ်​တိုင်​စီ​ရင်​ချက်​ချ​ပြီး ဖြစ်​၍ သင်​သည်​အ​ပြစ်​ဒဏ်​ကို​ခံ​ရ​မည်'' ဟု ဆို​၏။

41. ထို​အ​ခါ​ပ​ရော​ဖက်​သည် မိ​မိ​၏​မျက်​နှာ​မှ အ​ဝတ်​များ​ကို​ဆုတ်​ဖြဲ​လိုက်​သော​အ​ခါ မင်း ကြီး​သည်​ပ​ရော​ဖက်​တစ်​ပါး​ဖြစ်​ကြောင်း ကို​သိ​လေ​သည်။-

42. ပရော​ဖက်​က​လည်း``ထာ​ဝ​ရ​ဘု​ရား​က`ရန်​သူ ကို​သတ်​ရန် ငါ​အ​မိန့်​ပေး​ထား​သော်​လည်း​သူ့ ကို​လွှတ်​ပစ်​လိုက်​သည့်​အ​တွက် ထို​သူ​၏​အ​သက် အ​စား​သင်​၏​အ​သက်​ကို​ပေး​လျော်​ရ​မည်။ သင် ၏​တပ်​မ​တော်​သည်​လည်း​ထို​ရန်​သူ​၏​တပ်​မ တော်​ကို​ထွက်​ပြေး​ခွင့်​ပြု​သည့်​အ​တွက် သုတ် သင်​ဖျက်​ဆီး​ခြင်း​ကို​ခံ​ရ​မည်' ဟု​မိန့်​တော် မူ​ပါ​၏'' ဟု​မင်း​ကြီး​အား​ဆင့်​ဆို​ပါ​၏။

43. မင်း​ကြီး​သည် ပူ​ပင်​စိုး​ရိမ်​စိတ်​ပျက်​အား လျော့​လျက် ရှ​မာ​ရိ​မြို့​နန်း​တော်​သို့​ပြန် တော်​မူ​၏။

၃ ရာ 20