37. ထို့နောက်အရိုက်ခိုင်းသောပရောဖက်သည် အခြားသူတစ်ဦးထံသွား၍``ငါ့ကိုရိုက်လော့'' ဟုဆိုသည့်အတိုင်းထိုသူသည်ပြင်းစွာရိုက် ၍ဒဏ်ရာရစေ၏။-
38. ပရောဖက်သည်မိမိ၏မျက်နှာကိုအဝတ် ဖြင့်စည်းပြီးလျှင် ရုပ်ဖျက်လျက်လမ်းနံဘေးတွင် အာဟပ်မင်းအလာကိုစောင့်ဆိုင်းလျက်နေ၏။-
39. မင်းကြီးကြွလာတော်မူသောအခါပရော ဖက်က``အရှင်မင်းကြီး၊ အကျွန်ုပ်သည်တိုက်ပွဲ ဝင်လျက်နေစဉ် စစ်သားတစ်ယောက်သည်ရန်သူ သုံ့ပန်းတစ်ဦးကိုအကျွန်ုပ်ထံအပ်၍`ဤသူကို ထိန်းသိမ်းထားလော့။ အကယ်၍ထိုသူထွက်ပြေး သွားပါက သင်သည်သူ၏အသက်အစားမိမိ ၏အသက်ကိုပေးလျော်ရမည်။ သို့မဟုတ်လျှင် လည်းငွေသားသုံးထောင်ဒဏ်ဆောင်ရမည်' ဟု မှာကြားခဲ့ပါ၏။-
40. သို့ရာတွင်အကျွန်ုပ်သည်အခြားအမှုကိစ္စ များနှင့်အလုပ်များနေစဉ်ထိုသုံ့ပန်းထွက် ပြေးသွားပါသည်'' ဟုလျှောက်၏။မင်းကြီးက``သင်ကိုယ်တိုင်စီရင်ချက်ချပြီး ဖြစ်၍ သင်သည်အပြစ်ဒဏ်ကိုခံရမည်'' ဟု ဆို၏။
41. ထိုအခါပရောဖက်သည် မိမိ၏မျက်နှာမှ အဝတ်များကိုဆုတ်ဖြဲလိုက်သောအခါ မင်း ကြီးသည်ပရောဖက်တစ်ပါးဖြစ်ကြောင်း ကိုသိလေသည်။-
42. ပရောဖက်ကလည်း``ထာဝရဘုရားက`ရန်သူ ကိုသတ်ရန် ငါအမိန့်ပေးထားသော်လည်းသူ့ ကိုလွှတ်ပစ်လိုက်သည့်အတွက် ထိုသူ၏အသက် အစားသင်၏အသက်ကိုပေးလျော်ရမည်။ သင် ၏တပ်မတော်သည်လည်းထိုရန်သူ၏တပ်မ တော်ကိုထွက်ပြေးခွင့်ပြုသည့်အတွက် သုတ် သင်ဖျက်ဆီးခြင်းကိုခံရမည်' ဟုမိန့်တော် မူပါ၏'' ဟုမင်းကြီးအားဆင့်ဆိုပါ၏။