33. ဗင်္ဟာဒဒ်၏အမှုထမ်းတို့သည် အရိပ်အခြည် ကိုစောင့်၍ကြည့်နေရကြရာ၊ အာဟပ်က``နောင် တော်'' ဟုဆိုလိုက်သောအခါချက်ချင်းပင် ဆက်၍``အရှင်မိန့်တော်မူသည့်အတိုင်းဗင်္ဟာ ဒဒ်သည်အရှင်၏နောင်တော်ပါ'' ဟုလျှောက် ကြ၏။ထိုအခါအာဟပ်က``သူအားငါ့ထံသို့ခေါ် ခဲ့ကြလော့'' ဟုမိန့်တော်မူ၏။ ဗင်္ဟာဒဒ်ရောက်ရှိ လာသောအခါ အာဟပ်သည်သူ့အားမိမိ၏ ရထားပေါ်သို့တက်ရန်ဖိတ်ခေါ်တော်မူ၏။-
34. ဗင်္ဟာဒဒ်က``အရှင့်ခမည်းတော်၏လက်မှအကျွန်ုပ် ၏ခမည်းတော်သိမ်းယူခဲ့သောမြို့များကို အရှင့် အားပြန်လည်ပေးအပ်ပါမည်။ အကျွန်ုပ်၏ခမည်း တော်သည်ရှမာရိမြို့တွင်ကုန်သွယ်ရေးဌာနကို ထားရှိခဲ့သည့်နည်းတူ အရှင်သည်လည်းဒမာ သက်မြို့တွင်ကုန်သွယ်ရေးဌာနထားရှိနိုင်ပါ သည်'' ဟုဆို၏။အာဟပ်က``ဤသဘောတူညီချက်များအရ သင်၏အသက်ကိုချမ်းသာပေးမည်'' ဟုဆို၏။ ထိုနောက်သူသည်ဗင်္ဟာဒဒ်နှင့်မဟာမိတ်စာချုပ် ချုပ်ဆိုပြီးလျှင် ဗင်္ဟာဒဒ်အားသွားခွင့်ပြုတော် မူ၏။
35. ပရောဖက်တစ်ပါးသည် ထာဝရဘုရား၏အမိန့် တော်အရအခြားပရောဖက်တစ်ပါးအား``ငါ့ ကိုရိုက်လော့'' ဟုဆို၏။ သို့သော်လည်းပရောဖက် ကငြင်းဆန်သဖြင့်၊-
36. သူ့အား``သင်သည်ထာဝရဘုရား၏အမိန့်တော် ကိုလွန်ဆန်သည်ဖြစ်၍ ငါ၏ထံမှထွက်ခွာ သွားသည်နှင့်တစ်ပြိုင်နက်ခြင်္သေ့ကိုက်၍သေ လိမ့်မည်'' ဟုဆို၏။ ယင်းသို့ဆိုသည့်အတိုင်း ထိုနေရာမှထွက်ခွာသွားသည်နှင့်တစ်ပြိုင် နက် ထိုပရောဖက်သည်ခြင်္သေ့ကိုက်၍သေ လေသည်။
37. ထို့နောက်အရိုက်ခိုင်းသောပရောဖက်သည် အခြားသူတစ်ဦးထံသွား၍``ငါ့ကိုရိုက်လော့'' ဟုဆိုသည့်အတိုင်းထိုသူသည်ပြင်းစွာရိုက် ၍ဒဏ်ရာရစေ၏။-