4. ထိုအခါအာဟပ်က``ငါနှင့်ငါပိုင်သမျှသော ဥစ္စာပစ္စည်းတို့ကိုငါ့အရှင်ဗင်္ဟာဒဒ်အားပေး အပ်ရန် သဘောတူကြောင်းငါ့အရှင်ဗင်္ဟာဒဒ် မင်းအားလျှောက်ထားကြလော့'' ဟုဆို၏။
5. ထို့နောက်တစ်ဖန်သံတမန်တို့သည်အာဟပ်ထံ သို့ပြန်လာပြီးလျှင်``ဗင်္ဟာဒဒ်မင်းက`သင်၏ ရွှေ ငွေ၊ မိဖုရား၊ သားတော်သမီးတော်များကို ငါတောင်းဆိုခဲ့၏။-
6. ယခုငါသည်သင်၏နန်းတော်နှင့်တကွမှူး မတ်တို့၏နေအိမ်များကိုရှာဖွေ၍ အဖိုး ထိုက်သည့်ပစ္စည်းမှန်သမျှကိုသိမ်းယူရန် တပ်မတော်အရာရှိတို့ကိုစေလွှတ်မည်။ သူ တို့သည်နက်ဖြန်ဤအချိန်ခန့်၌သင်ထံသို့ ရောက်ရှိလာကြလိမ့်မည်' ဟုမိန့်မှာလိုက် ပါ၏'' ဟု လျှောက်ထားကြ၏။
7. အာဟပ်မင်းသည်တိုင်းပြည်ခေါင်းဆောင်အပေါင်း ကိုခေါ်ပြီးလျှင်``ဤသူသည်ငါတို့အားပျက်စီး စေလိုသူဖြစ်၏။ ငါ့ထံသို့သံတမန်စေလွှတ်၍ ရွှေငွေ၊ မိဖုရား၊ သားတော်သမီးတော်များ ကိုတောင်းဆိုစဉ်အခါက ငါမငြင်းဆန်ခဲ့ ပါ'' ဟုဆို၏။
8. ခေါင်းဆောင်များနှင့်ပြည်သူတို့က``ဤသူ၏ စကားကိုအရေးစိုက်တော်မမူပါနှင့်။ အညံ့ လည်းခံတော်မမူပါနှင့်'' ဟုလျှောက်၏။
9. သို့ဖြစ်၍အာဟပ်သည်ဗင်္ဟာဒဒ်၏သံတမန် တို့အား``ငါသည်ပထမတောင်းဆိုချက်ကို လိုက်လျောရန်သဘောတူသော်လည်း ဒုတိယ တောင်းဆိုချက်ကိုမူမလိုက်လျောနိုင်ကြောင်း ငါ့အရှင်ဘုရင်မင်းအားလျှောက်ထားကြ လော့'' ဟုမိန့်တော်မူ၏။သံတမန်တို့သည်ပြန်သွားပြီးနောက် တစ်ဖန် ပြန်လာ၍၊-