၃ ရာ 20:25-27 Common Language Bible (BCL)

25. ထို့​နောက်​ယ​ခင်​အ​ခါ​က​အ​ရှင့်​အား​စွန့်​ခွာ ထွက်​ပြေး​သည့်​တပ်​မ​တော်​နှင့်​အ​မျှ​ကြီး​မား ၍ ယ​ခင်​က​ကဲ့​သို့​ပင်​များ​ပြား​သော​မြင်း တပ်၊ ရ​ထား​တပ်​များ​ပါ​ဝင်​သည့်​တပ်​မ​တော် ကို​ဖွဲ့​စည်း​တော်​မူ​ပါ။ အ​ကျွန်ုပ်​တို့​သည်​ဣ​သ ရေ​လ​အ​မျိုး​သား​တို့​အား​လွင်​ပြင်​တွင်​တိုက် ခိုက်​ကြ​မည်​ဖြစ်​၍ ယ​ခု​အ​ကြိမ်​၌​သူ​တို့ အား​အ​နိုင်​ရ​ကြ​ပါ​လိမ့်​မည်'' ဟု​လျှောက် ထား​ကြ​၏။ယင်း​သို့​လျှောက်​ထား​သည်​ကို​ဗင်္ဟာ​ဒဒ်​မင်း သည်​နှစ်​သက်​သ​ဖြင့် ထို​သူ​တို့​ပေး​သည့် အ​ကြံ​အ​တိုင်း​ဆောင်​ရွက်​တော်​မူ​၏။-

26. နွေ​ဦး​ပေါက်​သော​အ​ခါ​မင်း​ကြီး​သည် မိ​မိ​၏ စစ်​သည်​တော်​တို့​ကို​စု​ရုံး​စေ​ပြီး​လျှင်​အာ​ဖက် မြို့​သို့​ချီ​တက်​လေ​၏။-

27. ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​လည်း​စု​ရုံး ကာ စား​နပ်​ရိက္ခာ​စုံ​နှင့်​မြို့​ပြင်​သို့​ထွက်​လာ​ကြ လေ​သည်။ သူ​တို့​သည်​မိ​မိ​တို့​၏​တပ်​ကို​နှစ်​စု ခွဲ​၍​ရှု​ရိ​တပ်​ကို​မျက်​နှာ​မူ​ကာ​နေ​ရာ​ယူ ကြ​၏။ လွင်​ပြင်​တစ်​ခု​လုံး​ပြည့်​နှက်​နေ​သည့် ရှု​ရိ​အ​မျိုး​သား​တို့​နှင့်​နှိုင်း​ယှဉ်​ကြည့်​ပါ လျှင် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​ဆိတ် အုပ်​က​လေး​နှစ်​စု​နှင့်​တူ​ပေ​သည်။

၃ ရာ 20