2-3. သူသည်သံတမန်များကိုမြို့တွင်းသို့စေလွှတ် ၍ ဣသရေလဘုရင်အာဟပ်အား``ဗင်္ဟာဒဒ်မင်း သည်သင်၏ ရွှေ ငွေ၊ မိဖုရား၊ သားတော်သမီး တော်များကိုသူ့အားပေးအပ်ရန်တောင်းဆို လိုက်ပါသည်'' ဟုလျှောက်ထားစေ၏။
16. မွန်းတည့်ချိန်၌ဗင်္ဟာဒဒ်နှင့်မဟာမိတ်သုံးကျိပ် နှစ်ပါးတို့သည် မိမိတို့တဲရှင်များတွင်သေ ရည်သေရက်သောက်စားမူးယစ်နေကြစဉ်၊-
17. အာဟပ်သည်စတင်၍တိုက်ခိုက်လေသည်။ နယ် မြေတပ်မှူးတို့၏စစ်လုလင်များကရှေ့ဆုံးမှ ချီတက်ကြ၏။ ဗင်္ဟာဒဒ်စေလွှတ်ထားသည့် အထောက်တော်တို့သည်လည်း ရှမာရိမြို့မှ စစ်သူရဲတစ်စုထွက်ခွာလာနေကြောင်းကို မင်းကြီးအားလျှောက်ထားကြ၏။-
18. မင်းကြီးက``ထိုသူတို့သည်တိုက်ခိုက်ရန်လာ သည်ဖြစ်စေ၊ စစ်ပြေငြိမ်းရန်လာသည်ဖြစ်စေ သူတို့အားအရှင်ရအောင်ဖမ်းဆီးကြလော့'' ဟုအမိန့်ပေးတော်မူ၏။
19. နယ်မြေတပ်မှူးတို့၏စစ်လုလင်များသည် ဣသရေလတပ်မတော်၏ရှေ့မှခေါင်း ဆောင်၍တိုက်ကြ၏။-
20. သူတို့အသီးသီးတစ်ယောက်ကျသတ်ဖြတ် ကြ၏။ ထိုအခါရှုရိတပ်သားတို့သည်ထွက်ပြေး ကြသဖြင့် ဣသရေလတပ်မတော်သည်သူတို့ နောက်မှအပြင်းလိုက်ကြ၏။ ထို့ကြောင့်ဗင်္ဟာဒဒ် သည်မြင်းတပ်သားအချို့နှင့်အတူမြင်းစီး၍ ထွက်ပြေးလေသည်။-
21. အာဟပ်မင်းသည်လည်းစစ်ပွဲသို့ဝင်တော်မူ၍ မြင်းများစစ်ရထားများကိုဖမ်းဆီးသိမ်း ယူ၍ ရှုရိအမျိုးသားတို့အားအကြီး အကျယ်အရေးရှုံးနိမ့်စေတော်မူ၏။-
22. ထိုအခါပရောဖက်သည်အာဟပ်မင်းထံ သို့သွား၍``ရှုရိဘုရင်သည်လာမည့်နွေဦး ပေါက်တွင်တစ်ဖန်ချီလာဦးမည်ဖြစ်သဖြင့် သင်သည်ပြန်၍မိမိ၏တပ်မတော်ကိုအင် အားပြည့်စေရန်သတိနှင့်စီမံလော့'' ဟု ဆို၏။
23. ဗင်္ဟာဒဒ်မင်း၏မှူးမတ်များက``ဣသရေလ အမျိုးသားတို့၏ဘုရားများသည် တောင်ကို အစိုးရသောဘုရားများဖြစ်သဖြင့် အကျွန်ုပ် တို့အားဣသရေလအမျိုးသားတို့အနိုင်ရ ကြခြင်းဖြစ်ပါသည်။ အကျွန်ုပ်တို့သည်သူတို့ နှင့်လွင်ပြင်တွင်တိုက်ခိုက်ရကြပါမူသူတို့ အားဧကန်မုချအနိုင်ရကြပါလိမ့်မည်။-
24. ယခုသုံးကျိပ်နှစ်ပါးသောမင်းတို့အားမိမိ တို့တပ်များကိုမအုပ်ချုပ်စေတော့ဘဲ သူတို့ ၏နေရာတွင်စစ်ဗိုလ်မှူးများကိုအစားထိုး ၍ခန့်ထားတော်မူပါ။-
25. ထို့နောက်ယခင်အခါကအရှင့်အားစွန့်ခွာ ထွက်ပြေးသည့်တပ်မတော်နှင့်အမျှကြီးမား ၍ ယခင်ကကဲ့သို့ပင်များပြားသောမြင်း တပ်၊ ရထားတပ်များပါဝင်သည့်တပ်မတော် ကိုဖွဲ့စည်းတော်မူပါ။ အကျွန်ုပ်တို့သည်ဣသ ရေလအမျိုးသားတို့အားလွင်ပြင်တွင်တိုက် ခိုက်ကြမည်ဖြစ်၍ ယခုအကြိမ်၌သူတို့ အားအနိုင်ရကြပါလိမ့်မည်'' ဟုလျှောက် ထားကြ၏။ယင်းသို့လျှောက်ထားသည်ကိုဗင်္ဟာဒဒ်မင်း သည်နှစ်သက်သဖြင့် ထိုသူတို့ပေးသည့် အကြံအတိုင်းဆောင်ရွက်တော်မူ၏။-
26. နွေဦးပေါက်သောအခါမင်းကြီးသည် မိမိ၏ စစ်သည်တော်တို့ကိုစုရုံးစေပြီးလျှင်အာဖက် မြို့သို့ချီတက်လေ၏။-