၃ ရာ 20:14-18 Common Language Bible (BCL)

14. အာ​ဟပ်​က``အ​ဘယ်​သူ​ခေါင်း​ဆောင်​၍​တိုက်​ခိုက် ပါ​မည်​နည်း'' ဟု​မေး​၏။ပ​ရော​ဖက်​က``နယ်​မြေ​ဘု​ရင်​ခံ​များ​၏​လက် အောက်​ရှိ​စစ်​လု​လင်​တို့​ကို​ခေါင်း​ဆောင်​စေ ရန် ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​၏'' ဟု​ဆင့်​ဆို ပြန်​၏။မင်း​ကြီး​က``တပ်​မ​တော်​ကြီး​ကို​အ​ဘယ်​သူ ကွပ်​ကဲ​ရ​ပါ​မည်​နည်း'' ဟု​မေး​လျှင်၊-``ဘု​ရင်​မင်း​ကိုယ်​တိုင်​ဖြစ်​ပါ​သည်'' ဟု ပ​ရော​ဖက်​က​ပြန်​ပြော​လေ​သည်။

15. သို့​ဖြစ်​၍​မင်း​ကြီး​သည် နယ်​မြေ​တပ်​မှူး​များ ၏​လက်​အောက်​ရှိ​စစ်​လု​လင်​စု​စု​ပေါင်း​နှစ်​ရာ့ သုံး​ဆယ့်​နှစ်​ယောက်​တို့​ကို​ခေါ်​ပြီး​နောက် တပ် သား​ခု​နစ်​ထောင်​ရှိ​သော​ဣသ​ရေ​လ​တပ်​မ တော်​ကို​စု​ရုံး​စေ​တော်​မူ​၏။

16. မွန်း​တည့်​ချိန်​၌​ဗင်္ဟာ​ဒဒ်​နှင့်​မ​ဟာ​မိတ်​သုံး​ကျိပ် နှစ်​ပါး​တို့​သည် မိ​မိ​တို့​တဲ​ရှင်​များ​တွင်​သေ ရည်​သေ​ရက်​သောက်​စား​မူး​ယစ်​နေ​ကြ​စဉ်၊-

17. အာ​ဟပ်​သည်​စ​တင်​၍​တိုက်​ခိုက်​လေ​သည်။ နယ် မြေ​တပ်​မှူး​တို့​၏​စစ်​လု​လင်​များ​က​ရှေ့​ဆုံး​မှ ချီ​တက်​ကြ​၏။ ဗင်္ဟာ​ဒဒ်​စေ​လွှတ်​ထား​သည့် အ​ထောက်​တော်​တို့​သည်​လည်း ရှ​မာ​ရိ​မြို့​မှ စစ်​သူ​ရဲ​တစ်​စု​ထွက်​ခွာ​လာ​နေ​ကြောင်း​ကို မင်း​ကြီး​အား​လျှောက်​ထား​ကြ​၏။-

18. မင်း​ကြီး​က``ထို​သူ​တို့​သည်​တိုက်​ခိုက်​ရန်​လာ သည်​ဖြစ်​စေ၊ စစ်​ပြေ​ငြိမ်း​ရန်​လာ​သည်​ဖြစ်​စေ သူ​တို့​အား​အ​ရှင်​ရ​အောင်​ဖမ်း​ဆီး​ကြ​လော့'' ဟု​အ​မိန့်​ပေး​တော်​မူ​၏။

၃ ရာ 20