၃ ရာ 2:23-26 Common Language Bible (BCL)

23. ထို့​နောက်​ရှော​လ​မုန်​က``ဤ​အ​မှု​ကို​ပြုသည့် အ​တွက် အ​ဒေါ​နိ​ယ​အား​ငါ​အ​သက်​မ​သေ စေ​လျှင် ဘု​ရား​သ​ခင်​သည်​ငါ့​အား​အ​ဆုံး စီ​ရင်​တော်​မူ​ပါ​စေ​သော။-

24. ထာ​ဝ​ရ​ဘု​ရား​သည်​ငါ့​အား​ခ​မည်း​တော် ဒါ​ဝိဒ်​၏​ရာ​ဇ​ပလ္လင်​ပေါ်​တွင် တည်​မြဲ​စွာ​တည် ၍​ထား​တော်​မူ​လေ​ပြီ။ ကိုယ်​တော်​သည်​မိ​မိ ၏​က​တိ​တော်​ရှိ​သည့်​အ​တိုင်း ငါ​နှင့်​ငါ​၏ သား​မြေး​တို့​အား​နိုင်​ငံ​တော်​ကို​ပေး​တော် မူ​လေ​ပြီ။ အ​ဒေါ​နိ​ယ​သည်​ယ​နေ့​ပင်​လျှင် သေ​ရ​မည်​ဖြစ်​ကြောင်း အ​သက်​ရှင်​တော်​မူ သော​ထာ​ဝ​ရ​ဘု​ရား​ကို​တိုင်​တည်​၍​ငါ ကျိန်​ဆို​ပါ​၏'' ဟု​အ​လေး​အ​နက်​အ​ဋ္ဌိ ဋ္ဌာန်​ပြု​တော်​မူ​၏။

25. ထို့​ကြောင့်​ရှော​လ​မုန်​မင်း​အ​မိန့်​ပေး​တော်​မူ သ​ဖြင့် ဗေ​နာ​ယ​သည်​သွား​၍​အ​ဒေါ​နိ​ယ အား​ကွပ်​မျက်​လေ​သည်။

26. ထို့​နောက်​ရှော​လ​မုန်​မင်း​သည် ယဇ်​ပု​ရော​ဟိတ် အ​ဗျာ​သာ​အား``အာ​န​သုတ်​မြို့​ရှိ​သင်​၏ ကျေး​လက်​နေ​အိမ်​သို့​သွား​လော့။ သင်​သည် သေ​ဒဏ်​ခံ​ထိုက်​သူ​ဖြစ်​ပေ​သည်။ သို့​ရာ​တွင် သင်​သည်​ငါ​၏​ခ​မည်း​တော်​ဒါ​ဝိဒ်​လက်​ထက်​၌ ထာ​ဝ​ရ​ဘု​ရား​၏​ပ​ဋိ​ညာဉ်​သေတ္တာ​တော်​ကို တာ​ဝန်​ယူ​စောင့်​ထိန်း​ရ​သူ၊ မင်း​ကြီး​နှင့်​အ​တူ ဆင်း​ရဲ​ဒုက္ခ​အ​ပေါင်း​ကို​ခံ​ခဲ့​သူ​ဖြစ်​သ​ဖြင့် ယ​ခု​သင့်​အား​ငါ​မ​သတ်​လို​ပြီ'' ဟု မိန့်​တော်​မူ​၏။-

၃ ရာ 2