၃ ရာ 19:1-9 Common Language Bible (BCL)

1. အာ​ဟပ်​မင်း​သည်​ဧ​လိ​ယ​ပြု​သည့်​အ​မှု​အ​လုံး စုံ​ကို​လည်း​ကောင်း၊ ဗာ​လ​ပ​ရော​ဖက်​တို့​အ​သတ် ခံ​ရ​ကြ​ပုံ​ကို​လည်း​ကောင်း​မိ​ဖု​ရား​ယေ​ဇ ဗေ​လ​အား​ပြော​ပြ​လေ​သည်။-

2. ယေ​ဇ​ဗေ​လ​သည်​ဧ​လိ​ယ​အား``အ​ကယ်​၍ ငါ​သည်​နက်​ဖြန်​ဤ​အ​ချိန်​ရောက်​မှ ပ​ရော​ဖက် တို့​အား​သင်​ပြု​ခဲ့​သည့်​အ​တိုင်း​သင့်​အား​မ​ပြု ပါ​မူ ဘု​ရား​တို့​သည်​ငါ့​ကို​အ​ဆုံး​စီ​ရင်​ကြ ပါ​စေ​သော'' ဟု​လူ​လွှတ်​၍​ပြော​ကြား​စေ​၏။-

3. ဧ​လိ​ယ​သည်​ကြောက်​သ​ဖြင့် အ​သက်​ဘေး​မှ လွတ်​ရန်​ထွက်​ပြေး​လေ​၏။ သူ​သည်​မိ​မိ​၏ အ​စေ​ခံ​ကို​ခေါ်​၍​ယု​ဒ​ပြည်၊ ဗေ​ရ​ရှေ​ဘ မြို့​သို့​သွား​၏။ထို​မြို့​တွင်​အ​စေ​ခံ​ကို​ထား​ခဲ့​ပြီး​လျှင်၊-

4. တစ်​နေ့​လုံး​တော​ကန္တာ​ရ​တွင်​ခ​ရီး​ပြု​လေ​သည်။ သူ​သည်​သစ်​ပင်​အ​ရိပ်​တစ်​ခု​သို့​ရောက်​သော အ​ခါ​ထိုင်​လျက်​သေ​လျှင်​သာ​၍​ကောင်း​၏​ဟု ဆို​၍``အို ထာ​ဝ​ရ​ဘု​ရား၊ ဤ​အ​ဖြစ်​ဆိုး​လွန်း ပါ​၏။ အ​ကျွန်ုပ်​၏​အ​သက်​ကို​ရုပ်​သိမ်း​တော် မူ​ပါ။ အ​ကျွန်ုပ်​သည်​သေ​ရ​သော်​သာ​၍​ကောင်း ပါ​သေး​၏'' ဟူ​သော​ဆု​ကို​တောင်း​လေ​၏။

5. သူ​သည်​သစ်​ပင်​အောက်​တွင်​လှဲ​လျက်​အိပ်​ပျော် လေ​၏။ ကောင်း​ကင်​တ​မန်​တစ်​ပါး​သည်​သူ့ အား​တို့​ပြီး​လျှင်``ထ​၍​စား​လော့'' ဟု​ဆို​၏။-

6. ဧလိ​ယ​သည်​လှည့်​၍​ကြည့်​လိုက်​ရာ​ခေါင်း​ရင်း​၌ မုန့်​တစ်​လုံး​နှင့်​ရေ​တစ်​ဘူး​ကို​တွေ့​သ​ဖြင့်​စား သောက်​ပြီး​နောက်​အိပ်​ပြန်​၏။-

7. ကောင်း​ကင်​တ​မန်​သည်​ဒုတိယ​အ​ကြိမ်​လာ​ပြီး လျှင်``သင်​သွား​ရ​မည့်​ခ​ရီး​ဝေး​သော​ကြောင့် ထ​၍​စား​ဦး​လော့'' ဟု​ဆို​၏။-

8. ထို့​ကြောင့်​ဧ​လိ​ယ​သည်​ထ​၍​စား​ပြီး​နောက် သန့်​ရှင်း​မြင့်​မြတ်​သော​သိ​နာ​တောင်​သို့ ရက်​ပေါင်း လေး​ဆယ်​တိုင်​တိုင်​ခြေ​လျင်​ခ​ရီး​ပြု​နိုင်​သော ခွန်​အား​ကို​ရ​ရှိ​လေ​သည်။-

9. သူ​သည်​ထို​တောင်​သို့​ရောက်​သော​အ​ခါ​ဂူ​ထဲ သို့​ဝင်​၍​အိပ်​၏။ထို​အ​ခါ​ထာ​ဝ​ရ​ဘု​ရား​က​သူ့​အား``ဧ​လိ​ယ၊ သင်​သည်​ဤ​အ​ရပ်​သို့​အ​ဘယ်​ကြောင့်​ရောက်​လာ သ​နည်း'' ဟု​မေး​တော်​မူ​၏။

၃ ရာ 19