7. ယင်းသို့ထွက်ခွာသွားစဉ်သြဗဒိသည် ဧလိယ နှင့်ရုတ်တရက်တွေ့ဆုံမိလေသည်။ သူသည် ဧလိယကိုမှတ်မိသဖြင့်ဦးညွှတ်ပျပ်ဝပ် ၍``အရှင်သည်အကျွန်ုပ်သခင်ဧလိယပါ လော'' ဟုမေး၏။
8. ဧလိယကလည်း``ဟုတ်ပါသည်။ သင်သည်သင် ၏အရှင်ဘုရင်မင်းမြတ်ထံသို့သွား၍ ဤအရပ် တွင်ငါရှိကြောင်းလျှောက်ထားလော့'' ဟုဆို၏။
9. သြဗဒိက``အကျွန်ုပ်သည်အဘယ်အမှုကိုပြု မိသည့်အတွက် အရှင်သည်အကျွန်ုပ်အားအာဟပ် မင်း၏လက်တွင်အသတ်ခံရစေရန် ဤသို့ခိုင်း စေတော်မူလိုပါသနည်း။-