၃ ရာ 18:31-34 Common Language Bible (BCL)

31. သူ​သည်​ဣ​သ​ရေ​လ​ဟူ​သော​နာ​မည်​ဖြင့် ထာ​ဝ​ရ​ဘု​ရား​သ​မုတ်​တော်​မူ​သူ ယာ​ကုပ်​မှ ဆင်း​သက်​လာ​သော​တစ်​ဆယ့်​နှစ်​နွယ်​ကို​ရည် စူး​၍​ကျောက်​ဆယ့်​နှစ်​လုံး​ကို​ယူ​ပြီး​လျှင်၊-

32. ထာ​ဝ​ရ​ဘု​ရား​ကို​ကိုး​ကွယ်​ဝတ်​ပြု​ရန်​ယဇ် ပလ္လင်​ကို​တည်​လေ​သည်။ ထို​ယဇ်​ပလ္လင်​၏​ပတ်​လည် ၌​ရေ​လေး​ဂါ​လံ​ခန့်​ဝင်​သည့်​မြောင်း​ကို​တူး​၏။-

33. ထို့​နောက်​ထင်း​ကို​ယဇ်​ပလ္လင်​ပေါ်​တွင်​စီ​၍​တင် ပြီး​နောက် နွား​ကို​အ​ပိုင်း​ပိုင်း​ခုတ်​၍​ထင်း​ပေါ်​တွင် တင်​ထား​လေ​သည်။ သူ​က``အိုး​လေး​လုံး​ကို​ရေ အ​ပြည့်​ခပ်​၍​ပူ​ဇော်​သကာ​နှင့်​ထင်း​ပေါ်​သို့ လောင်း​လော့'' ဟု​ဆို​သည့်​အ​တိုင်း​လူ​တို့ လောင်း​ပြီး​သော​အ​ခါ၊-

34. ဧ​လိ​ယ​က``တစ်​ဖန်​လောင်း​ဦး​လော့'' ဟု​ဆို​၏။ လူ​တို့​သည်​နောက်​တစ်​ကြိမ်​လောင်း​ပြီး​သော​အ​ခါ ဧ​လိ​ယ​က``ထပ်​မံ​၍​လောင်း​ဦး​လော့'' ဟု​ဆို ပြန်​၏။ လူ​တို့​သည်​လည်း​ထပ်​မံ​၍​လောင်း​ကြ သ​ဖြင့်၊-

၃ ရာ 18