၃ ရာ 18:22-25 Common Language Bible (BCL)

22. ထို​အ​ခါ​ဧ​လိ​ယ​က``ထာ​ဝရ​ဘု​ရား​၏ ပ​ရော​ဖက်​များ​အ​နက် ငါ​တစ်​ဦး​တည်း​ကျန် ရှိ​နေ​၏။ ဗာ​လ​ပ​ရော​ဖက်​များ​မူ​ကား​လေး ရာ​ငါး​ဆယ်​ရှိ​ပေ​သည်။-

23. နွား​လား​ဥ​သ​ဘ​နှစ်​ကောင်​ကို​ယူ​ပြီး​လျှင် တစ်​ကောင်​ကို​ထို​သူ​တို့​အား​ပေး​ကြ​လော့။ သူ​တို့​သည်​ထို​နွား​ကို​သတ်​၍​အ​ပိုင်း​ပိုင်း ခုတ်​ပြီး​လျှင်​ထင်း​များ​အ​ပေါ်​တွင်​တင်​ထား ကြ​ပါ​စေ။ သို့​ရာ​တွင်​မီး​မ​ညှိ​စေ​ကြ​နှင့်။ ငါ​သည်​အ​ခြား​နွား​တစ်​ကောင်​ကို​ထို​နည်း တူ​ပြု​မည်။-

24. ထို့​နောက်​ဗာ​လ​ပ​ရော​ဖက်​တို့​သည်​မိ​မိ​တို့ ဘု​ရား​ထံ​သို့​ဆု​တောင်း​ကြ​စေ။ ငါ​သည်​လည်း ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​သို့​ဆု​တောင်း​မည်။ ငါ​တို့​အ​သီး​သီး​ပြု​သည့်​ဆု​တောင်း​ပတ္ထ​နာ ကို​နား​ညောင်း​တော်​မူ​၍ မီး​ကို​ချ​ပေး​တော် မူ​သော​အ​ရှင်​သည်​ဘု​ရား​အ​မှန်​ဖြစ်​၏'' ဟု ဆို​လေ​သည်။လူ​အ​ပေါင်း​တို့​သည် ဧ​လိ​ယ​၏​ပြော​ကြား ချက်​ကို​သ​ဘော​တူ​ကြောင်း​ဟစ်​အော်​၍ ဖော်​ပြ​ကြ​၏။

25. ထို​အ​ခါ​ဧ​လိ​ယ​သည် ဗာ​လ​ပ​ရော​ဖက်​တို့ အား``သင်​တို့​က​အ​ရေ​အ​တွက်​အား​ဖြင့်​များ သည်​ဖြစ်​သော​ကြောင့် နွား​တစ်​ကောင်​ကို​ဦး​စွာ ယူ​၍​ပြင်​ဆင်​ကြ​လော့။ သင်​တို့​၏​ဘု​ရား​ထံ သို့​ဆု​တောင်း​ပတ္ထနာ​ပြု​ကြ​လော့။ ထင်း​များ ကို​မူ​မီး​မ​ညှိ​ကြ​နှင့်'' ဟု​ဆို​၏။

၃ ရာ 18