၃ ရာ 16:31-34 Common Language Bible (BCL)

31. သူ​သည်​ယေ​ရော​ဗောင်​ကဲ့​သို့​အ​ပြစ်​ကူး​ရ​ရုံ ဖြင့်​မ​ကျေ​နပ်​ဘဲ ထို​ထက်​တစ်​ဆင့်​တက်​ပြီး လျှင်​ဇိ​ဒုန်​မင်း​ဧ​သ​ဗာ​လ​၏​သ​မီး​တော် ယေ​ဇ​ဗေ​လ​ကို​မိ​ဖု​ရား​မြှောက်​၍​ဗာ​လ ဘု​ရား​ကို​ဝတ်​ပြု​ကိုး​ကွယ်​လေ​သည်။-

32. သူ​သည်​ရှ​မာ​ရိ​မြို့​တွင်​ဗာ​လ​ဘု​ရား​အ​တွက် ဗိ​မာန်​တော်​ကို​တည်​ဆောက်​ကာ​ထို​ဗိ​မာန်​တွင် ယဇ်​ပလ္လင်​ကို​တည်​၏။-

33. အာ​ရှ​ရ​ဘု​ရား​မ​ကို​ဝတ်​ပြု​ကိုး​ကွယ်​ရန် အ​တွက် တံ​ခွန်​တိုင်​ကို​လည်း​စိုက်​ထူ​လေ​သည်။ သူ​သည်​မိ​မိ​၏​နောင်​တော့်​နောင်​တော်​ဣ​သ​ရေ လ​ဘု​ရင်​အ​ပေါင်း​တို့​ထက်​ပင် ဣ​သ​ရေ​လ အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​၏​အ​မျက်​တော်​ကို​ပို​၍​လှုံ့​ဆော် ပေး​၏။-

34. သူ​နန်း​စံ​နေ​စဉ်​အ​တွင်း​ဗေ​သ​လ​မြို့​သား ဟိ​ဧ​လ​သည် ယေ​ရိ​ခေါ​မြို့​ကို​ပြန်​လည်​တည် ထောင်​လေ​သည်။ နုန်​၏​သား​ယော​ရှု​အား​ဖြင့် ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သော​စ​ကား​နှင့် အ​ညီ ဟိ​ဧ​လ​သည်​ယေ​ရိ​ခေါ​မြို့​ကို​အုတ် မြစ်​ချ​ချိန်​၌​မိ​မိ​၏​သား​ဦး​အ​ဘိ​ရံ​ကို လည်း​ကောင်း၊ မြို့​တံ​ခါး​များ​တည်​ဆောက် ချိန်​၌​သား​ထွေး​စေ​ဂုပ်​ကို​လည်း​ကောင်း ဆုံး​ရှုံး​ရ​လေ​သည်။

၃ ရာ 16