၃ ရာ 15:27-28-34 Common Language Bible (BCL)

3. အ​ဘိ​ယ​သည်​မိ​မိ​၏​ခ​မည်း​တော်​ကူး​ခဲ့​သည့် အ​ပြစ်​များ​ကို​ဆက်​လက်​၍​ကူး​လွန်​၏။ သူ​သည် မိ​မိ​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​အား ဘေး​တော်​ဒါ​ဝိဒ်​ကဲ့​သို့​အ​ကြွင်း​မဲ့​သစ္စာ​မ​စောင့်။-

4. သို့​ရာ​တွင်​သူ​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား သည် ဒါ​ဝိဒ်​၏​မျက်​နှာ​ကို​ထောက်​၍​အ​ဘိ​ယ​မ​ရှိ သည့်​နောက်​၌ ယေ​ရု​ရှ​လင်​မြို့​ကို​အုပ်​စိုး​ရန်​နှင့် ယေ​ရု​ရှ​လင်​မြို့​ကို​ဘေး​မဲ့​လုံ​ခြုံ​စွာ​စောင့်​ထိန်း ရန်​သား​တော်​တစ်​ပါး​ကို​ပေး​တော်​မူ​၏။-

5. အ​ဘယ်​ကြောင့်​ဆို​သော်​ဒါ​ဝိဒ်​သည် ဘု​ရား​သ​ခင် နှစ်​သက်​တော်​မူ​သည့်​အ​မှု​တို့​ကို​သာ​လျှင်​ပြု​ခဲ့ သော​ကြောင့်​ဖြစ်​၏။ မင်း​ကြီး​သည်​ဟိတ္တိ​အ​မျိုး​သား ဥ​ရိ​ယ​၏​အ​မှု​ကိစ္စ​မှ​တစ်​ပါး အ​ခြား​အ​ဘယ် အ​ခါ​၌​မျှ​ကိုယ်​တော်​၏​အ​မိန့်​တော်​ကို​လွန်​ဆန် ခဲ့​ခြင်း​မ​ရှိ​ပေ။-

6. အ​ဘိ​ယ​သည်​မိ​မိ​၏​နန်း​သက်​တစ်​လျှောက် လုံး​၌​ယေ​ရော​ဗောင်​နှင့်​စစ်​ဖြစ်​ခဲ့​၏။-

7. အ​ဘိ​ယ​ဆောင်​ရွက်​ခဲ့​သည့်​အ​ခြား​အ​မှု အ​ရာ​ရှိ​သ​မျှ​ကို ယု​ဒ​ရာ​ဇ​ဝင်​တွင်​ရေး​ထား သ​တည်း။

8. အ​ဘိ​ယ​ကွယ်​လွန်​သော​အ​ခါ သူ့​ကို​ဒါ​ဝိဒ်​မြို့ တွင်​သင်္ဂြိုဟ်​ကြ​၏။ ထို​နောက်​သား​တော်​အာ​သ​သည် ခ​မည်း​တော်​၏​အ​ရိုက်​အ​ရာ​ကို​ဆက်​ခံ​၍​နန်း တက်​လေ​သည်။

9. ဣ​သ​ရေ​လ​ဘု​ရင်​ယေ​ရော​ဗောင်​နန်း​စံ​အ​နှစ် နှစ်​ဆယ်​မြောက်​၌ အာ​သ​သည်​ယု​ဒ​ပြည်​တွင် နန်း​တက်​၍၊-

27-28. နာ​ဒဒ်​နှင့်​သူ​၏​စစ်​သည်​တော်​တို့​သည်​ဖိ​လိတ္တိ​ပြည် ဂိ​ဗေ​သုန်​မြို့​ကို​ဝိုင်း​ရံ​ထား​ကြ​စဉ် ယု​ဒ​ဘု​ရင် အာ​သ​နန်း​စံ​သုံး​နှစ်​တွင် ဣ​သ​ခါ​သား​ချင်း​စု ဝင်​အ​ဟိ​ယ​၏​သား​ဗာ​ရှာ​သည် နာ​ဒဒ်​ကို​လျှို့​ဝှက် ကြံ​စည်​ကာ​လုပ်​ကြံ​လိုက်​လေ​သည်။ သို့​ဖြစ်​၍ ဗာ​ရှာ​သည်​နာ​ဒဒ်​၏​အ​ရိုက်​အ​ရာ​ကို​ဆက်​ခံ ၍​နန်း​တက်​လေ​သည်။-

29. ထို့​နောက်​ချက်​ချင်း​ပင်​ဗာ​ရှာ​သည်​ယေ​ရော​ဗောင် ၏​အိမ်​ထောင်​စု​သား​အ​ပေါင်း​ကို​သတ်​လေ​သည်။ ရှိ​လော​မြို့​နေ​ပ​ရော​ဖက်​အ​ဟိ​ယ​အား​ဖြင့် ထာ​ဝ​ရ​ဘု​ရား​မိန့်​မှာ​တော်​မူ​ခဲ့​သည့်​အ​တိုင်း ယေ​ရော​ဗောင်​၏​အိမ်​ထောင်​စု​အ​ပေါင်း​တို့​သည် တစ်​ယောက်​မ​ကျန်​အ​သတ်​ခံ​ရ​ကြ​သ​တည်း။-

30. ယင်း​သို့​ဖြစ်​ပျက်​ရ​ခြင်း​မှာ​ယေ​ရော​ဗောင်​သည် မိ​မိ​ကိုယ်​တိုင်​ကူး​ခဲ့​သည့်​အ​ပြစ်​များ​အား​ဖြင့် လည်း​ကောင်း၊ ဣ​သ​ရေ​လ​ပြည်​သူ​တို့​အား​ကူး စေ​ခဲ့​သည့်​အ​ပြစ်​များ​အား​ဖြင့်​လည်း​ကောင်း၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင် ထာ​ဝရ​ဘု​ရား​၏​အ​မျက်​တော်​ကို​လှုံ့​ဆော်​ပေး သော​ကြောင့်​ဖြစ်​၏။

31. နာ​ဒဒ်​ဆောင်​ရွက်​ခဲ့​သော အ​ခြား​အ​မှု​အ​ရာ အ​လုံး​စုံ​ကို​ဣ​သ​ရေ​လ​ရာ​ဇ​ဝင်​တွင်​ရေး ထား​သ​တည်း။-

32. ယု​ဒ​ဘု​ရင်​အာ​သ​နှင့်​ဣ​သ​ရေ​လ​ဘု​ရင် ဗာ​ရှာ​တို့​သည် မိ​မိ​တို့​နန်း​သက်​တစ်​လျှောက် လုံး​စစ်​ဖြစ်​ကြ​လေ​သည်။

33. ယု​ဒ​ဘု​ရင်​အာ​သ​နန်း​စံ​တ​တိ​ယ​နှစ်​၌၊ အ​ဟိ​ယ ၏​သား​ဗာ​ရှာ​သည် ဣ​သ​ရေ​လ​နိုင်​ငံ​၏​ဘု​ရင်​ဖြစ် လာ​ပြီး​လျှင်၊ တိ​ရ​ဇ​မြို့​တွင်​နှစ်​ဆယ့်​လေး​နှစ်​နန်း စံ​တော်​မူ​၏။-

34. ယေ​ရော​ဗောင်​မင်း​ကဲ့​သို့​သူ​သည်​ထာ​ဝ​ရ​ဘု​ရား ကို​ပြစ်​မှား​၍ ဣ​သ​ရေ​လ​ပြည်​သူ​တို့​အား​အ​ပြစ် ကူး​စေ​ရန်​ရှေ့​ဆောင်​လမ်း​ပြ​လေ​သည်။

၃ ရာ 15