24. ကွယ်လွန်သော်သူ့ကိုဒါဝိဒ်မြို့ရှိသင်္ချိုင်းတော်တွင် သင်္ဂြိုဟ်ကြ၏။ ထို့နောက်သားတော်ယေဟောရှဖတ် သည်ခမည်းတော်၏အရိုက်အရာကိုဆက်ခံ၍ နန်းတက်လေသည်။
25. ယုဒဘုရင်အာသနန်းစံဒုတိယနှစ်၌ ယေရော ဗောင်မင်း၏သားတော်နာဒဒ်သည် ဣသရေလ ပြည်တွင်နန်းတက်၍နှစ်နှစ်မျှနန်းစံတော်မူ၏။-
26. သူသည်မိမိ၏ခမည်းတော်ကဲ့သို့ပင်ထာဝရ ဘုရားအားပြစ်မှား၍ ဣသရေလပြည်သူတို့ အားအပြစ်ကူးရန်ရှေ့ဆောင်လမ်းပြပေးလေ သည်။
27-28. နာဒဒ်နှင့်သူ၏စစ်သည်တော်တို့သည်ဖိလိတ္တိပြည် ဂိဗေသုန်မြို့ကိုဝိုင်းရံထားကြစဉ် ယုဒဘုရင် အာသနန်းစံသုံးနှစ်တွင် ဣသခါသားချင်းစု ဝင်အဟိယ၏သားဗာရှာသည် နာဒဒ်ကိုလျှို့ဝှက် ကြံစည်ကာလုပ်ကြံလိုက်လေသည်။ သို့ဖြစ်၍ ဗာရှာသည်နာဒဒ်၏အရိုက်အရာကိုဆက်ခံ ၍နန်းတက်လေသည်။-
29. ထို့နောက်ချက်ချင်းပင်ဗာရှာသည်ယေရောဗောင် ၏အိမ်ထောင်စုသားအပေါင်းကိုသတ်လေသည်။ ရှိလောမြို့နေပရောဖက်အဟိယအားဖြင့် ထာဝရဘုရားမိန့်မှာတော်မူခဲ့သည့်အတိုင်း ယေရောဗောင်၏အိမ်ထောင်စုအပေါင်းတို့သည် တစ်ယောက်မကျန်အသတ်ခံရကြသတည်း။-
30. ယင်းသို့ဖြစ်ပျက်ရခြင်းမှာယေရောဗောင်သည် မိမိကိုယ်တိုင်ကူးခဲ့သည့်အပြစ်များအားဖြင့် လည်းကောင်း၊ ဣသရေလပြည်သူတို့အားကူး စေခဲ့သည့်အပြစ်များအားဖြင့်လည်းကောင်း၊ ဣသရေလအမျိုးသားတို့၏ဘုရားသခင် ထာဝရဘုရား၏အမျက်တော်ကိုလှုံ့ဆော်ပေး သောကြောင့်ဖြစ်၏။
31. နာဒဒ်ဆောင်ရွက်ခဲ့သော အခြားအမှုအရာ အလုံးစုံကိုဣသရေလရာဇဝင်တွင်ရေး ထားသတည်း။-
32. ယုဒဘုရင်အာသနှင့်ဣသရေလဘုရင် ဗာရှာတို့သည် မိမိတို့နန်းသက်တစ်လျှောက် လုံးစစ်ဖြစ်ကြလေသည်။
33. ယုဒဘုရင်အာသနန်းစံတတိယနှစ်၌၊ အဟိယ ၏သားဗာရှာသည် ဣသရေလနိုင်ငံ၏ဘုရင်ဖြစ် လာပြီးလျှင်၊ တိရဇမြို့တွင်နှစ်ဆယ့်လေးနှစ်နန်း စံတော်မူ၏။-
34. ယေရောဗောင်မင်းကဲ့သို့သူသည်ထာဝရဘုရား ကိုပြစ်မှား၍ ဣသရေလပြည်သူတို့အားအပြစ် ကူးစေရန်ရှေ့ဆောင်လမ်းပြလေသည်။