၃ ရာ 15:2-15 Common Language Bible (BCL)

2. ယေ​ရု​ရှ​လင်​မြို့​၌​သုံး​နှစ်​နန်း​စံ​တော်​မူ​၏။ သူ​၏​မယ်​တော်​မှာ​အ​ဗ​ရှ​လုံ​၏​သ​မီး​မာ​ခါ ဖြစ်​၏။-

3. အ​ဘိ​ယ​သည်​မိ​မိ​၏​ခ​မည်း​တော်​ကူး​ခဲ့​သည့် အ​ပြစ်​များ​ကို​ဆက်​လက်​၍​ကူး​လွန်​၏။ သူ​သည် မိ​မိ​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​အား ဘေး​တော်​ဒါ​ဝိဒ်​ကဲ့​သို့​အ​ကြွင်း​မဲ့​သစ္စာ​မ​စောင့်။-

4. သို့​ရာ​တွင်​သူ​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား သည် ဒါ​ဝိဒ်​၏​မျက်​နှာ​ကို​ထောက်​၍​အ​ဘိ​ယ​မ​ရှိ သည့်​နောက်​၌ ယေ​ရု​ရှ​လင်​မြို့​ကို​အုပ်​စိုး​ရန်​နှင့် ယေ​ရု​ရှ​လင်​မြို့​ကို​ဘေး​မဲ့​လုံ​ခြုံ​စွာ​စောင့်​ထိန်း ရန်​သား​တော်​တစ်​ပါး​ကို​ပေး​တော်​မူ​၏။-

5. အ​ဘယ်​ကြောင့်​ဆို​သော်​ဒါ​ဝိဒ်​သည် ဘု​ရား​သ​ခင် နှစ်​သက်​တော်​မူ​သည့်​အ​မှု​တို့​ကို​သာ​လျှင်​ပြု​ခဲ့ သော​ကြောင့်​ဖြစ်​၏။ မင်း​ကြီး​သည်​ဟိတ္တိ​အ​မျိုး​သား ဥ​ရိ​ယ​၏​အ​မှု​ကိစ္စ​မှ​တစ်​ပါး အ​ခြား​အ​ဘယ် အ​ခါ​၌​မျှ​ကိုယ်​တော်​၏​အ​မိန့်​တော်​ကို​လွန်​ဆန် ခဲ့​ခြင်း​မ​ရှိ​ပေ။-

6. အ​ဘိ​ယ​သည်​မိ​မိ​၏​နန်း​သက်​တစ်​လျှောက် လုံး​၌​ယေ​ရော​ဗောင်​နှင့်​စစ်​ဖြစ်​ခဲ့​၏။-

7. အ​ဘိ​ယ​ဆောင်​ရွက်​ခဲ့​သည့်​အ​ခြား​အ​မှု အ​ရာ​ရှိ​သ​မျှ​ကို ယု​ဒ​ရာ​ဇ​ဝင်​တွင်​ရေး​ထား သ​တည်း။

8. အ​ဘိ​ယ​ကွယ်​လွန်​သော​အ​ခါ သူ့​ကို​ဒါ​ဝိဒ်​မြို့ တွင်​သင်္ဂြိုဟ်​ကြ​၏။ ထို​နောက်​သား​တော်​အာ​သ​သည် ခ​မည်း​တော်​၏​အ​ရိုက်​အ​ရာ​ကို​ဆက်​ခံ​၍​နန်း တက်​လေ​သည်။

9. ဣ​သ​ရေ​လ​ဘု​ရင်​ယေ​ရော​ဗောင်​နန်း​စံ​အ​နှစ် နှစ်​ဆယ်​မြောက်​၌ အာ​သ​သည်​ယု​ဒ​ပြည်​တွင် နန်း​တက်​၍၊-

10. ယေ​ရု​ရှ​လင်​မြို့​၌​လေး​ဆယ့်​တစ်​နှစ်​နန်း​စံ လေ​သည်။ သူ​၏​အ​ဖွား​မှာ​အ​ဗ​ရှ​လုံ​၏ သ​မီး​မာခါ​ဖြစ်​၏။-

11. အာ​သ​သည်​မိ​မိ​၏​ဘိုး​ဘေး​ဒါ​ဝိဒ်​ကဲ့​သို့ ထာ​ဝ​ရ​ဘု​ရား​နှစ်​သက်​တော်​မူ​သော​အ​မှု တို့​ကို​ပြု​၏။-

12. သူ​သည်​ရုပ်​တု​ကိုး​ကွယ်​ဝတ်​ပြု​ရာ​ဌာ​န​များ တွင် ပြည့်​တန်​ဆာ​အ​လုပ်​ကို​လုပ်​နေ​သော​အ​မျိုး သား​အ​မျိုး​သ​မီး​များ​ကို တိုင်း​ပြည်​မှ​နှင်​ထုတ် ပြီး​လျှင် မိ​မိ​၏​ဘိုး​တော်​ဘေး​တော်​ဘု​ရင်​များ ပြု​လုပ်​ခဲ့​သည့်​ရုပ်​တု​များ​ကို​ဖယ်​ရှား​ပစ်​တော် မူ​၏။-

13. မိ​မိ​၏​အ​ဖွား​မာ​ခါ​၏​ထံ​မှ​လည်း​မယ်​တော် ဘု​ရင်​မ​ရာ​ထူး​ကို​နုတ်​သိမ်း​တော်​မူ​လေ​သည်။ အ​ဘယ်​ကြောင့်​ဆို​သော်​မာ​ခါ​သည်​အ​သီး​အ​နှံ ဖွံ့​ဖြိုး​မှု​ဆိုင်​ရာ အာ​ရှ​ရ​ဘု​ရား​မ​အား​ဝတ်​ပြု ကိုး​ကွယ်​ရန်​အ​တွက် ရှု​မ​ကောင်း​မြင်​မ​ကောင်း​သော ရုပ်​တု​ကို​ပြု​လုပ်​ထား​သော​ကြောင့်​ဖြစ်​၏။ အာ​သ သည်​ထို​ရုပ်​တု​ကို​ခုတ်​ပြီး​လျှင်​ကေ​ဒြုန်​ချောင်း အ​နီး​တွင်​မီး​ရှို့​ပစ်​တော်​မူ​၏။-

14. ရုပ်​တု​ကိုး​ကွယ်​ရာ​ဌာ​န​များ​ကို​အ​ကုန်​အ​စင် မ​ဖျက်​ဆီး​သော်​လည်း အာ​သ​သည်​ထာ​ဝရ​ဘု​ရား အား​တစ်​သက်​လုံး​သစ္စာ​စောင့်​တော်​မူ​ပေ​သည်။-

15. သူ​သည်​ထာ​ဝရ​ဘု​ရား​အား​ခ​မည်း​တော်​ဆက် ကပ်​လှူ​ဒါန်း​ထား​သမျှ​သော​ဥစ္စာ​ပစ္စည်း​များ​နှင့် မိ​မိ​ကိုယ်​တိုင်​ဆက်​ကပ်​လှူ​ဒါန်း​သည့် ရွှေ၊ ငွေ အ​သုံး ဆောင်​များ​ကို​ဗိ​မာန်​တော်​တွင်​ထား​ရှိ​တော်​မူ​၏။

၃ ရာ 15