14. ရုပ်တုကိုးကွယ်ရာဌာနများကိုအကုန်အစင် မဖျက်ဆီးသော်လည်း အာသသည်ထာဝရဘုရား အားတစ်သက်လုံးသစ္စာစောင့်တော်မူပေသည်။-
15. သူသည်ထာဝရဘုရားအားခမည်းတော်ဆက် ကပ်လှူဒါန်းထားသမျှသောဥစ္စာပစ္စည်းများနှင့် မိမိကိုယ်တိုင်ဆက်ကပ်လှူဒါန်းသည့် ရွှေ၊ ငွေ အသုံး ဆောင်များကိုဗိမာန်တော်တွင်ထားရှိတော်မူ၏။
16. ယုဒဘုရင်အာသနှင့်ဣသရေလဘုရင်ဗာရှာ တို့သည် မိမိတို့နန်းသက်တစ်လျှောက်လုံး၌စစ် ဖြစ်လျက်နေကြလေသည်။-
17. ဗာရှာသည်ယုဒပြည်သို့ချင်းနင်းဝင်ရောက်ပြီး လျှင် ယုဒပြည်သို့အဝင်အထွက်လမ်းကိုပိတ် စေရန်ရာမမြို့ကိုတံတိုင်းကာ၍ထား၏။-
18. ထို့ကြောင့်အာသမင်းသည်ဗိမာန်တော်နှင့်နန်း တော်တွင်ကျန်ရှိနေသေးသော ရွှေ၊ ငွေရှိသမျှကို မှူးမတ်အချို့တို့လက်ဖြင့်ဒမာသက်မြို့ရှိ ရှုရိဘုရင်ဗင်္ဟာဒဒ်ထံသို့ယူဆောင်သွားစေ တော်မူ၏။ ဗင်္ဟာဒဒ်ကားရေဇုန်၏မြေး၊ တာဗရိ မုန်၏သားဖြစ်သတည်း။-
19. အာသသည်သူ၏ထံသို့``အကျွန်ုပ်တို့သည်ကျွန်ုပ် တို့၏ခမည်းတော်များကဲ့သို့မဟာမိတ်ဖွဲ့ကြ ကုန်အံ့။ ဤရွှေ၊ ငွေများမှာအဆွေတော်အတွက် လက်ဆောင်ဖြစ်ပါ၏။ ဗာရှာမင်းသည်မိမိ၏စစ်တပ် များကိုကျွန်ုပ်၏နယ်မြေမှရုပ်သိမ်းသွားစေရန် အဆွေတော်သည်သူနှင့်မဟာမိတ်ဖွဲ့မှုကိုဖျက် သိမ်းပစ်ပါလော့'' ဟုမှာကြားတော်မူလိုက်၏။
20. ဗင်္ဟာဒဒ်မင်းသည် အာသအကြံပေးသည့်အတိုင်း ဆောင်ရွက်ရန်သဘောတူသဖြင့် မိမိ၏တပ်မှူး များနှင့်စစ်သည်တော်တို့ကိုစေလွှတ်၍ဣသရေလ မြို့များကိုတိုက်ခိုက်စေတော်မူ၏။ သူတို့သည် နဿလိနယ်မြေတစ်ခုလုံးအပြင်ဣယုန်မြို့၊ ဒန်မြို့၊ အာဗေလဗက်မာခါမြို့နှင့်ဂင်္နေသရက် နယ်တို့ကိုသိမ်းဆည်းကြ၏။-
21. ဤသတင်းကိုကြားသောအခါဗာရှာမင်း သည်ရာမမြို့တံတိုင်းကာရံမှုကိုရပ်စဲ၍ တိရဇမြို့သို့ထွက်ခွာသွားတော်မူ၏။
22. ထိုအခါအာသမင်းသည် ယုဒပြည်တစ်လျှောက် လုံးသို့အမိန့်ထုတ်ပြန်တော်မူပြီးလျှင် ပြည်သူ အပေါင်းတို့အားတစ်ယောက်မကျန်ရာမမြို့ တံတိုင်းတည်ဆောက်ရန်အတွက် ဗာရှာမင်းအသုံး ပြုလျက်နေခဲ့သည့်ကျောက်တုံးများနှင့်သစ် သားများကိုဝိုင်းဝန်းသယ်ဆောင်စေတော်မူ၏။ ထိုပစ္စည်းများဖြင့်အာသသည် မိဇပါမြို့နှင့် ဗင်္ယာမိန်နယ်တွင်ရှိသောဂေဘမြို့ကိုတံတိုင်း ကာရံတော်မူ၏။
23. အာသမင်းဆောင်ရွက်တော်မူခဲ့သည့် အခြား အမှုအရာရှိသမျှနှင့်သူ၏စွန့်စားခန်းများ၊ မြို့များကိုတံတိုင်းကာရံပုံအကြောင်းများကို ယုဒရာဇဝင်တွင်ရေးထားသတည်း။ သူသည် အိုမင်းချိန်တွင်အနာရောဂါစွဲသဖြင့်၊-
24. ကွယ်လွန်သော်သူ့ကိုဒါဝိဒ်မြို့ရှိသင်္ချိုင်းတော်တွင် သင်္ဂြိုဟ်ကြ၏။ ထို့နောက်သားတော်ယေဟောရှဖတ် သည်ခမည်းတော်၏အရိုက်အရာကိုဆက်ခံ၍ နန်းတက်လေသည်။
25. ယုဒဘုရင်အာသနန်းစံဒုတိယနှစ်၌ ယေရော ဗောင်မင်း၏သားတော်နာဒဒ်သည် ဣသရေလ ပြည်တွင်နန်းတက်၍နှစ်နှစ်မျှနန်းစံတော်မူ၏။-
26. သူသည်မိမိ၏ခမည်းတော်ကဲ့သို့ပင်ထာဝရ ဘုရားအားပြစ်မှား၍ ဣသရေလပြည်သူတို့ အားအပြစ်ကူးရန်ရှေ့ဆောင်လမ်းပြပေးလေ သည်။
27-28. နာဒဒ်နှင့်သူ၏စစ်သည်တော်တို့သည်ဖိလိတ္တိပြည် ဂိဗေသုန်မြို့ကိုဝိုင်းရံထားကြစဉ် ယုဒဘုရင် အာသနန်းစံသုံးနှစ်တွင် ဣသခါသားချင်းစု ဝင်အဟိယ၏သားဗာရှာသည် နာဒဒ်ကိုလျှို့ဝှက် ကြံစည်ကာလုပ်ကြံလိုက်လေသည်။ သို့ဖြစ်၍ ဗာရှာသည်နာဒဒ်၏အရိုက်အရာကိုဆက်ခံ ၍နန်းတက်လေသည်။-