1. ဣသရေလဘုရင်ယေရောဗောင်နန်းစံတစ် ဆယ့်ရှစ်နှစ်မြောက်၌ အဘိယသည်ယုဒ ပြည်တွင်နန်းတက်၍၊-
2. ယေရုရှလင်မြို့၌သုံးနှစ်နန်းစံတော်မူ၏။ သူ၏မယ်တော်မှာအဗရှလုံ၏သမီးမာခါ ဖြစ်၏။-
3. အဘိယသည်မိမိ၏ခမည်းတော်ကူးခဲ့သည့် အပြစ်များကိုဆက်လက်၍ကူးလွန်၏။ သူသည် မိမိ၏ဘုရားသခင်ထာဝရဘုရားအား ဘေးတော်ဒါဝိဒ်ကဲ့သို့အကြွင်းမဲ့သစ္စာမစောင့်။-
27-28. နာဒဒ်နှင့်သူ၏စစ်သည်တော်တို့သည်ဖိလိတ္တိပြည် ဂိဗေသုန်မြို့ကိုဝိုင်းရံထားကြစဉ် ယုဒဘုရင် အာသနန်းစံသုံးနှစ်တွင် ဣသခါသားချင်းစု ဝင်အဟိယ၏သားဗာရှာသည် နာဒဒ်ကိုလျှို့ဝှက် ကြံစည်ကာလုပ်ကြံလိုက်လေသည်။ သို့ဖြစ်၍ ဗာရှာသည်နာဒဒ်၏အရိုက်အရာကိုဆက်ခံ ၍နန်းတက်လေသည်။-