၃ ရာ 14:7-11 Common Language Bible (BCL)

7. ယေ​ရော​ဗောင်​အား​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည် ကား​ဤ​သို့​တည်း။ ကိုယ်​တော်​က`ငါ​သည်​သင့် အား​ပြည်​သူ​များ​အ​ထဲ​မှ​ရွေး​ချယ်​၍ ငါ ၏​လူ​မျိုး​တော်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ အား​အုပ်​စိုး​စေ​ခဲ့​၏။-

8. ဒါ​ဝိဒ်​၏​သား​မြေး​များ​လက်​မှ​နိုင်​ငံ​တော်​ကို ယူ​၍ သင့်​အား​ပေး​အပ်​ခဲ့​၏။ သို့​ရာ​တွင်​သင်​သည် ငါ့​အား​အ​ကြွင်း​မဲ့​သစ္စာ​စောင့်​၍​ငါ​၏​ပ​ညတ် တို့​ကို​စောင့်​ထိန်း​ကာ ငါ​နှစ်​သက်​သည့်​အ​မှု များ​ကို​သာ​ပြု​သော​ငါ​၏​အစေ​ခံ​ဒါ​ဝိဒ်​နှင့် မ​တူ။-

9. သင်​သည်​မိ​မိ​အ​လျင်​အုပ်​စိုး​ခဲ့​သော​မင်း​တို့ ၏​ကူး​လွန်​ခဲ့​သည့်​အ​ပြစ်​များ​ထက်​ပင် ပို​မို ကြီး​လေး​သော​အ​ပြစ်​များ​ကို​ကူး​လွန်​လေ ပြီ။ ငါ့​အား​ပစ်​ပယ်​ကာ​အ​ခြား​သော​ဘု​ရား များ​ကို​ဝတ်​ပြု​ကိုး​ကွယ်​၍ ရုပ်​တု​များ​ကို ပြု​လုပ်​ခြင်း​အား​ဖြင့် ငါ​၏​အ​မျက်​တော်​ကို လှုံ့​ဆော်​လေ​ပြီ။-

10. ဤ​အ​ကြောင်း​ကြောင့်​ငါ​သည်​သင်​၏​မင်း​ဆက် ကို​ပျက်​သုဉ်း​စေ​မည်။ ကြီး​ငယ်​မ​ရွေး​သင်​၏ သား​မြေး​ထဲ​မှ​ယောကျာ်း​မှန်​သ​မျှ​ကို​သုတ် သင်​ပစ်​မည်။ သင်​၏​အိမ်​ထောင်​စု​သား​တို့​ကို ငါ​ပယ်​ရှင်း​မည်။ သူ​တို့​အား​နောက်​ချေး​သ​ဖွယ် ရှင်း​လင်း​ပစ်​မည်။-

11. သင်​၏​အိမ်​ထောင်​စု​သား​များ​သည်​မြို့​တွင်း​၌ သေ​လျှင်​ခွေး​စာ၊ မြို့​ပြင်​၌​သေ​လျှင်​လင်း​တ​စာ ဖြစ်​ကြ​လိမ့်​မည်။ ဤ​ကား​ငါ​ထာ​ဝရ​ဘု​ရား​မိန့် တော်​မူ​သော​စ​ကား​ဖြစ်​၏' ဟု​မိန့်​တော်​မူ​၏'' ဟု​ဆင့်​ဆို​၏။

၃ ရာ 14