၃ ရာ 14:6-19 Common Language Bible (BCL)

6. သို့​ရာ​တွင်​အ​ဟိ​ယ​သည်​တံ​ခါး​ဝ​မှ​သူ​၏ ခြေ​သံ​ကို​ကြား​သည်​နှင့်``ဝင်​ခဲ့​လော့။ သင်​သည် ယေ​ရော​ဗောင်​၏​မိ​ဖု​ရား​ဖြစ်​ကြောင်း​ကို​ငါ သိ​၏။ အ​ဘယ်​ကြောင့်​သင်​သည် မိ​မိ​ကိုယ်​ကို အ​ခြား​သူ​၏​အ​ယောင်​ကို​ဆောင်​သ​နည်း။ သင်​၏​အ​တွက်​ငါ့​မှာ​သ​တင်း​ဆိုး​ရှိ​၏။-

7. ယေ​ရော​ဗောင်​အား​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည် ကား​ဤ​သို့​တည်း။ ကိုယ်​တော်​က`ငါ​သည်​သင့် အား​ပြည်​သူ​များ​အ​ထဲ​မှ​ရွေး​ချယ်​၍ ငါ ၏​လူ​မျိုး​တော်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ အား​အုပ်​စိုး​စေ​ခဲ့​၏။-

8. ဒါ​ဝိဒ်​၏​သား​မြေး​များ​လက်​မှ​နိုင်​ငံ​တော်​ကို ယူ​၍ သင့်​အား​ပေး​အပ်​ခဲ့​၏။ သို့​ရာ​တွင်​သင်​သည် ငါ့​အား​အ​ကြွင်း​မဲ့​သစ္စာ​စောင့်​၍​ငါ​၏​ပ​ညတ် တို့​ကို​စောင့်​ထိန်း​ကာ ငါ​နှစ်​သက်​သည့်​အ​မှု များ​ကို​သာ​ပြု​သော​ငါ​၏​အစေ​ခံ​ဒါ​ဝိဒ်​နှင့် မ​တူ။-

9. သင်​သည်​မိ​မိ​အ​လျင်​အုပ်​စိုး​ခဲ့​သော​မင်း​တို့ ၏​ကူး​လွန်​ခဲ့​သည့်​အ​ပြစ်​များ​ထက်​ပင် ပို​မို ကြီး​လေး​သော​အ​ပြစ်​များ​ကို​ကူး​လွန်​လေ ပြီ။ ငါ့​အား​ပစ်​ပယ်​ကာ​အ​ခြား​သော​ဘု​ရား များ​ကို​ဝတ်​ပြု​ကိုး​ကွယ်​၍ ရုပ်​တု​များ​ကို ပြု​လုပ်​ခြင်း​အား​ဖြင့် ငါ​၏​အ​မျက်​တော်​ကို လှုံ့​ဆော်​လေ​ပြီ။-

10. ဤ​အ​ကြောင်း​ကြောင့်​ငါ​သည်​သင်​၏​မင်း​ဆက် ကို​ပျက်​သုဉ်း​စေ​မည်။ ကြီး​ငယ်​မ​ရွေး​သင်​၏ သား​မြေး​ထဲ​မှ​ယောကျာ်း​မှန်​သ​မျှ​ကို​သုတ် သင်​ပစ်​မည်။ သင်​၏​အိမ်​ထောင်​စု​သား​တို့​ကို ငါ​ပယ်​ရှင်း​မည်။ သူ​တို့​အား​နောက်​ချေး​သ​ဖွယ် ရှင်း​လင်း​ပစ်​မည်။-

11. သင်​၏​အိမ်​ထောင်​စု​သား​များ​သည်​မြို့​တွင်း​၌ သေ​လျှင်​ခွေး​စာ၊ မြို့​ပြင်​၌​သေ​လျှင်​လင်း​တ​စာ ဖြစ်​ကြ​လိမ့်​မည်။ ဤ​ကား​ငါ​ထာ​ဝရ​ဘု​ရား​မိန့် တော်​မူ​သော​စ​ကား​ဖြစ်​၏' ဟု​မိန့်​တော်​မူ​၏'' ဟု​ဆင့်​ဆို​၏။

12. ထို့​နောက်​အ​ဟိ​ယ​သည်​ဆက်​လက်​၍​ယေ​ရော ဗောင်​၏​မိ​ဖု​ရား​အား``ယ​ခု​နန်း​တော်​သို့​ပြန် လော့။ မြို့​ကို​သင်​ဝင်​မိ​သည်​နှင့်​တစ်​ပြိုင်​နက် သင်​၏​သား​သည်​သေ​လိမ့်​မည်။-

13. ဣ​သ​ရေ​လ​ပြည်​သူ​အ​ပေါင်း​တို့​သည်​သူ​၏ အ​တွက် ဝမ်း​နည်း​ကြေ​ကွဲ​သည့်​အ​ထိမ်း​အ​မှတ် ကို​ပြု​၍​သူ​၏​အ​လောင်း​ကို​သင်္ဂြိုဟ်​ကြ​လိမ့် မည်။ ယေ​ရော​ဗောင်​၏​အိမ်​ထောင်​စု​များ​အ​နက် ထို​သား​တစ်​ဦး​တည်း​သာ​လျှင် လျောက်​ပတ် စွာ​သင်္ဂြိုဟ်​ခြင်း​ကို​ခံ​ရ​လိမ့်​မည်။ အ​ဘယ် ကြောင့်​ဆို​သော်​ဣ​သ​ရေ​လ​အ​မျိုး​သား တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် ထို​သူ​တစ်​ဦး​တည်း​ကို​သာ​လျှင်​နှစ်​သက် တော်​မူ​သော​ကြောင့်​ဖြစ်​၏။-

14. ထာ​ဝရ​ဘု​ရား​သည်​ယေ​ရော​ဗောင်​၏​မင်း ဆက်​ကို​ပျက်​သုဉ်း​စေ​မည့်​မင်း​တစ်​ပါး​အား ဣသ​ရေ​လ​ပြည်​တွင်​အုပ်​စိုး​စေ​တော်​မူ​လိမ့် မည်။-

15. ထာ​ဝ​ရ​ဘု​ရား​ဒဏ်​ခတ်​တော်​မူ​သ​ဖြင့် ဣသ​ရေ​လ ပြည်​သည်​ချောင်း​ငယ်​တွင်​တုန်​လှုပ်​လျက်​နေ​သော ကူ​ပင်​သ​ဖွယ်​တုန်​လှုပ်​သွား​လိမ့်​မည်။ ဣ​သ​ရေ​လ အ​မျိုး​သား​တို့​သည်​ဘိုး​ဘေး​များ​အား​ကိုယ်​တော် ပေး​အပ်​တော်​မူ​ခဲ့​သည့် ဤ​သာ​ယာ​သော​ပြည်​တော် မှ​နုတ်​ပယ်​ခြင်း​ကို​ခံ​ရ​ကာ​ဥ​ဖ​ရတ်​မြစ်​တစ် ဖက်​ကမ်း​သို့​ကွဲ​လွင့်​သွား​ကြ​လိမ့်​မည်။ အ​ဘယ် ကြောင့်​ဆို​သော်​သူ​တို့​သည်​အာ​ရှ​ရ​ဘု​ရား​မ ရုပ်​များ​ကို​ပြု​လုပ်​လျက်​ကိုယ်​တော်​၏​အ​မျက် တော်​ကို​လှုံ့​ဆော်​ကြ​သော​ကြောင့်​ဖြစ်​၏။-

16. ယေ​ရော​ဗောင်​သည်​အ​ပြစ်​ကူး​၍​ဣ​သ​ရေ​လ ပြည်​သူ​တို့​အား​လည်း အ​ပြစ်​ကူး​ရန်​ရှေ့​ဆောင် လမ်း​ပြ​သူ​ဖြစ်​သော​ကြောင့် ထာ​ဝ​ရ​ဘု​ရား​သည် ဣသ​ရေ​လ​ပြည်​ကို​ဒဏ်​ခတ်​တော်​မူ​လိမ့်​မည်'' ဟု ဆို​၏။

17. ယေ​ရော​ဗောင်​၏​မိ​ဖု​ရား​သည် တိ​ရ​ဇ​မြို့​သို့​ပြန် လည်​ထွက်​ခွာ​သွား​၏။ သူ​သည်​မိ​မိ​နန်း​တော်​သို့ ဝင်​မိ​သည်​နှင့်​တစ်​ပြိုင်​နက်​သူ​၏​သား​သည်​သေ လေ​၏။-

18. ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​၏​အ​စေ​ခံ​ပ​ရော ဖက်​အ​ဟိ​ယ​အား​ဖြင့်​မိန့်​တော်​မူ​ခဲ့​သည့်​အ​တိုင်း ဣ​သ​ရေ​လ​ပြည်​သူ​တို့​သည်​ထို​သူ​ငယ်​၏​အ​တွက် ဝမ်း​နည်း​ကြေ​ကွဲ​သည့်​အ​ထိမ်း​အ​မှတ်​ကို​ပြု​၍ သူ​၏​အ​လောင်း​ကို​သင်္ဂြိုဟ်​ကြ​၏။

19. ယေ​ရော​ဗောင်​မင်း​ဆောင်​ရွက်​ခဲ့​သည့် အ​ခြား​အ​မှု အ​ရာ​အ​လုံး​စုံ​ကို​လည်း​ကောင်း၊ သူ​တိုက်​ခဲ့​သည့် စစ်​ပွဲ​များ​နှင့်​တိုင်း​ပြည်​အုပ်​ချုပ်​ပုံ​တို့​ကို​လည်း ကောင်း ဣ​သ​ရေ​လ​ရာ​ဇ​ဝင်​တွင်​ရေး​ထား​သ​တည်း။-

၃ ရာ 14