12. ထို့နောက်အဟိယသည်ဆက်လက်၍ယေရော ဗောင်၏မိဖုရားအား``ယခုနန်းတော်သို့ပြန် လော့။ မြို့ကိုသင်ဝင်မိသည်နှင့်တစ်ပြိုင်နက် သင်၏သားသည်သေလိမ့်မည်။-
13. ဣသရေလပြည်သူအပေါင်းတို့သည်သူ၏ အတွက် ဝမ်းနည်းကြေကွဲသည့်အထိမ်းအမှတ် ကိုပြု၍သူ၏အလောင်းကိုသင်္ဂြိုဟ်ကြလိမ့် မည်။ ယေရောဗောင်၏အိမ်ထောင်စုများအနက် ထိုသားတစ်ဦးတည်းသာလျှင် လျောက်ပတ် စွာသင်္ဂြိုဟ်ခြင်းကိုခံရလိမ့်မည်။ အဘယ် ကြောင့်ဆိုသော်ဣသရေလအမျိုးသား တို့၏ဘုရားသခင်ထာဝရဘုရားသည် ထိုသူတစ်ဦးတည်းကိုသာလျှင်နှစ်သက် တော်မူသောကြောင့်ဖြစ်၏။-
14. ထာဝရဘုရားသည်ယေရောဗောင်၏မင်း ဆက်ကိုပျက်သုဉ်းစေမည့်မင်းတစ်ပါးအား ဣသရေလပြည်တွင်အုပ်စိုးစေတော်မူလိမ့် မည်။-
15. ထာဝရဘုရားဒဏ်ခတ်တော်မူသဖြင့် ဣသရေလ ပြည်သည်ချောင်းငယ်တွင်တုန်လှုပ်လျက်နေသော ကူပင်သဖွယ်တုန်လှုပ်သွားလိမ့်မည်။ ဣသရေလ အမျိုးသားတို့သည်ဘိုးဘေးများအားကိုယ်တော် ပေးအပ်တော်မူခဲ့သည့် ဤသာယာသောပြည်တော် မှနုတ်ပယ်ခြင်းကိုခံရကာဥဖရတ်မြစ်တစ် ဖက်ကမ်းသို့ကွဲလွင့်သွားကြလိမ့်မည်။ အဘယ် ကြောင့်ဆိုသော်သူတို့သည်အာရှရဘုရားမ ရုပ်များကိုပြုလုပ်လျက်ကိုယ်တော်၏အမျက် တော်ကိုလှုံ့ဆော်ကြသောကြောင့်ဖြစ်၏။-
16. ယေရောဗောင်သည်အပြစ်ကူး၍ဣသရေလ ပြည်သူတို့အားလည်း အပြစ်ကူးရန်ရှေ့ဆောင် လမ်းပြသူဖြစ်သောကြောင့် ထာဝရဘုရားသည် ဣသရေလပြည်ကိုဒဏ်ခတ်တော်မူလိမ့်မည်'' ဟု ဆို၏။
17. ယေရောဗောင်၏မိဖုရားသည် တိရဇမြို့သို့ပြန် လည်ထွက်ခွာသွား၏။ သူသည်မိမိနန်းတော်သို့ ဝင်မိသည်နှင့်တစ်ပြိုင်နက်သူ၏သားသည်သေ လေ၏။-
18. ထာဝရဘုရားသည်မိမိ၏အစေခံပရော ဖက်အဟိယအားဖြင့်မိန့်တော်မူခဲ့သည့်အတိုင်း ဣသရေလပြည်သူတို့သည်ထိုသူငယ်၏အတွက် ဝမ်းနည်းကြေကွဲသည့်အထိမ်းအမှတ်ကိုပြု၍ သူ၏အလောင်းကိုသင်္ဂြိုဟ်ကြ၏။
19. ယေရောဗောင်မင်းဆောင်ရွက်ခဲ့သည့် အခြားအမှု အရာအလုံးစုံကိုလည်းကောင်း၊ သူတိုက်ခဲ့သည့် စစ်ပွဲများနှင့်တိုင်းပြည်အုပ်ချုပ်ပုံတို့ကိုလည်း ကောင်း ဣသရေလရာဇဝင်တွင်ရေးထားသတည်း။-
20. ယေရောဗောင်သည်နှစ်ဆယ့်နှစ်နှစ်တိုင်တိုင်နန်းစံ တော်မူခဲ့၏။ သူကွယ်လွန်သောအခါသားတော် နာဒဒ်သည် ခမည်းတော်၏အရိုက်အရာကို ဆက်ခံ၍နန်းတက်လေ၏။
21. ရှောလမုန်၏သားရောဗောင်သည် ယုဒဘုရင်ဖြစ် လာချိန်၌ အသက်လေးဆယ့်တစ်နှစ်ရှိ၏။ သူသည် ထာဝရဘုရားအားဝတ်ပြုကိုးကွယ်ရာဌာန တော်အဖြစ် ဣသရေလအနွယ်အပေါင်းတို့နေ ထိုင်ရာမြို့ရွာများအနက် ကိုယ်တော်ရွေးချယ် တော်မူသောယေရုရှလင်မြို့၌တစ်ဆယ့်ခုနစ် နှစ်နန်းစံတော်မူ၏။ ရောဗောင်၏မယ်တော်မှာ အမ္မုန်ပြည်သူနေမဖြစ်၏။-
22. ယုဒပြည်သူတို့သည်ထာဝရဘုရားအား ပြစ်မှားကြ၏။ သူတို့သည်မိမိတို့ဘိုးဘေး အပေါင်းတို့ထက်ပင် ပို၍ဆိုးရွားစွာပြစ်မှား လျက်ကိုယ်တော်၏အမျက်တော်ကိုလှုံ့ဆော် ကြလေသည်။-
23. သူတို့သည်ဘုရားအတုအယောင်များအား ကိုးကွယ်ဝတ်ပြုရန်ဌာနများကိုတည်ဆောက် ကြ၏။ တောင်ထိပ်များနှင့်အရိပ်ကောင်းသည့် သစ်ပင်အောက်တို့တွင်ကိုးကွယ်ဝတ်ပြုရန် ကျောက်တိုင်များနှင့်အာရှရတံခွန်တိုင် များကိုစိုက်ထူကြ၏။-
24. အဆိုးရွားဆုံးအပြုအမူမှာ ရုပ်တုကိုးကွယ် ဝတ်ပြုရာဌာနများတွင်ပြည့်တန်ဆာအလုပ် ကိုအမျိုးသား၊ အမျိုးသမီးများလုပ်ကိုင် ကြခြင်းပင်ဖြစ်၏။ ပြည်တော်သို့ဣသရေလ အမျိုးသားတို့ချီတက်ဝင်ရောက်လာချိန်၌ ထာဝရဘုရားနှင်ထုတ်တော်မူလိုက်သော ပြည်သူပြည်သားတို့ပြုကျင့်ခဲ့သည့်စက် ဆုပ်ရွံရှာဖွယ်ရာအလေ့ဟူသမျှကို ယုဒ ပြည်သူတို့သည်ပြုကျင့်ကြကုန်၏။
25. ရောဗောင်နန်းစံငါးနှစ်မြောက်၌ အီဂျစ်ဘုရင် ရှိရှက်သည်ယေရုရှလင်မြို့ကိုတိုက်ခိုက်ပြီး လျှင်၊-