10. ဤအကြောင်းကြောင့်ငါသည်သင်၏မင်းဆက် ကိုပျက်သုဉ်းစေမည်။ ကြီးငယ်မရွေးသင်၏ သားမြေးထဲမှယောကျာ်းမှန်သမျှကိုသုတ် သင်ပစ်မည်။ သင်၏အိမ်ထောင်စုသားတို့ကို ငါပယ်ရှင်းမည်။ သူတို့အားနောက်ချေးသဖွယ် ရှင်းလင်းပစ်မည်။-
11. သင်၏အိမ်ထောင်စုသားများသည်မြို့တွင်း၌ သေလျှင်ခွေးစာ၊ မြို့ပြင်၌သေလျှင်လင်းတစာ ဖြစ်ကြလိမ့်မည်။ ဤကားငါထာဝရဘုရားမိန့် တော်မူသောစကားဖြစ်၏' ဟုမိန့်တော်မူ၏'' ဟုဆင့်ဆို၏။
12. ထို့နောက်အဟိယသည်ဆက်လက်၍ယေရော ဗောင်၏မိဖုရားအား``ယခုနန်းတော်သို့ပြန် လော့။ မြို့ကိုသင်ဝင်မိသည်နှင့်တစ်ပြိုင်နက် သင်၏သားသည်သေလိမ့်မည်။-
13. ဣသရေလပြည်သူအပေါင်းတို့သည်သူ၏ အတွက် ဝမ်းနည်းကြေကွဲသည့်အထိမ်းအမှတ် ကိုပြု၍သူ၏အလောင်းကိုသင်္ဂြိုဟ်ကြလိမ့် မည်။ ယေရောဗောင်၏အိမ်ထောင်စုများအနက် ထိုသားတစ်ဦးတည်းသာလျှင် လျောက်ပတ် စွာသင်္ဂြိုဟ်ခြင်းကိုခံရလိမ့်မည်။ အဘယ် ကြောင့်ဆိုသော်ဣသရေလအမျိုးသား တို့၏ဘုရားသခင်ထာဝရဘုရားသည် ထိုသူတစ်ဦးတည်းကိုသာလျှင်နှစ်သက် တော်မူသောကြောင့်ဖြစ်၏။-
14. ထာဝရဘုရားသည်ယေရောဗောင်၏မင်း ဆက်ကိုပျက်သုဉ်းစေမည့်မင်းတစ်ပါးအား ဣသရေလပြည်တွင်အုပ်စိုးစေတော်မူလိမ့် မည်။-
15. ထာဝရဘုရားဒဏ်ခတ်တော်မူသဖြင့် ဣသရေလ ပြည်သည်ချောင်းငယ်တွင်တုန်လှုပ်လျက်နေသော ကူပင်သဖွယ်တုန်လှုပ်သွားလိမ့်မည်။ ဣသရေလ အမျိုးသားတို့သည်ဘိုးဘေးများအားကိုယ်တော် ပေးအပ်တော်မူခဲ့သည့် ဤသာယာသောပြည်တော် မှနုတ်ပယ်ခြင်းကိုခံရကာဥဖရတ်မြစ်တစ် ဖက်ကမ်းသို့ကွဲလွင့်သွားကြလိမ့်မည်။ အဘယ် ကြောင့်ဆိုသော်သူတို့သည်အာရှရဘုရားမ ရုပ်များကိုပြုလုပ်လျက်ကိုယ်တော်၏အမျက် တော်ကိုလှုံ့ဆော်ကြသောကြောင့်ဖြစ်၏။-
16. ယေရောဗောင်သည်အပြစ်ကူး၍ဣသရေလ ပြည်သူတို့အားလည်း အပြစ်ကူးရန်ရှေ့ဆောင် လမ်းပြသူဖြစ်သောကြောင့် ထာဝရဘုရားသည် ဣသရေလပြည်ကိုဒဏ်ခတ်တော်မူလိမ့်မည်'' ဟု ဆို၏။
17. ယေရောဗောင်၏မိဖုရားသည် တိရဇမြို့သို့ပြန် လည်ထွက်ခွာသွား၏။ သူသည်မိမိနန်းတော်သို့ ဝင်မိသည်နှင့်တစ်ပြိုင်နက်သူ၏သားသည်သေ လေ၏။-