1. ထိုအချိန်၌ယေရောဗောင်၏သားအဘိယ သည်ဖျားနာလျက်နေ၏။-
2. ယေရောဗောင်သည်မိမိ၏မိဖုရားအား``သင် သည်မိဖုရားမှန်းမသိစေရန်ရုပ်ဖျက်၍ ငါ့ အားဣသရေလဘုရင်ဖြစ်လိမ့်မည်ဟု ဟောခဲ့သူပရောဖက်အဟိယနေထိုင် ရာရှိလောမြို့သို့သွားလော့။-
3. သူ့အတွက်မုန့်ဆယ်လုံး၊ မုန့်ပြားအချို့နှင့် ပျားရည်တစ်ဘူးကိုယူဆောင်သွားပြီးလျှင် ငါတို့၏သားအဘယ်သို့ဖြစ်မည်ကိုစုံစမ်း မေးမြန်းလော့။ သူသည်သင့်အားပြောပြ လိမ့်မည်'' ဟုဆို၏။