၃ ရာ 13:5-9 Common Language Bible (BCL)

5. ပ​ရော​ဖက်​သည်​ထာ​ဝ​ရ​ဘု​ရား​၏​နှုတ်​က​ပတ် တော်​ကို​ကြို​တင်​ဖော်​ပြ​ခဲ့​သည့်​အ​တိုင်း ယဇ်​ပလ္လင် သည်​လည်း​ရုတ်​တ​ရက်​ပြို​ကွဲ​ကာ​ပြာ​တို့​သည် မြေ​ပေါ်​သို့​ဖိတ်​စင်​၍​ကျ​လေ​သည်။-

6. ယေ​ရော​ဗောင်​မင်း​က``အ​ကျွန်ုပ်​၏​လက်​ပျောက်​ကင်း စေ​ရန် သင်​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ထံ အ​သ​နား​ခံ​ပါ​လော့'' ဟု​တောင်း​ပန်​၏။ပ​ရော​ဖက်​သည်​ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​သို့​ဆု တောင်း​သ​ဖြင့် မင်း​ကြီး​၏​လက်​သည်​ရော​ဂါ ပျောက်​လေ​၏။-

7. ထို​အ​ခါ​မင်း​ကြီး​က​ပ​ရော​ဖက်​အား``အ​ကျွန်ုပ် နှင့်​အ​တူ နန်း​တော်​သို့​လိုက်​၍​အ​စား​အ​စာ သုံး​ဆောင်​ပါ​လော့။ သင့်​အား​လက်​ဆောင်​ပေး ပါ​မည်'' ဟု​ဆို​၏။

8. ပ​ရော​ဖက်​က​လည်း``ဘု​ရင်​မင်း​၏​စည်း​စိမ်​ဥစ္စာ တစ်​ဝက်​ကို​ပင်​ပေး​သော်​လည်း​ငါ​မ​လိုက်​လို​ပါ။ အ​ဘယ်​အ​စား​အ​စာ​ကို​မျှ​မ​စား​လို​ပါ။-

9. ထာ​ဝ​ရ​ဘု​ရား​က​ငါ့​အား​အ​ဘယ်​အ​စာ ရေ​စာ​ကို​မျှ​မ​စား​မ​သောက်​ရန်​နှင့် လာ​လမ်း အ​တိုင်း​မ​ပြန်​ရန်​ပ​ညတ်​တော်​မူ​ပြီ'' ဟု လျှောက်​၏။-

၃ ရာ 13