၃ ရာ 13:21-22-34 Common Language Bible (BCL)

3. ထို့​နောက်​ပ​ရော​ဖက်​က​ဆက်​လက်​၍``ဤ​ယဇ်​ပလ္လင် သည်​ပြို​ကွဲ​၍ ပလ္လင်​ပေါ်​ရှိ​ပြာ​တို့​သည်​လည်း​ပျံ့ လွင့်​လိမ့်​မည်။ ထို​အ​ခါ​ငါ့​အား​ဖြင့်​ဤ​စ​ကား ကို​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​ကြောင်း​သင် သိ​လိမ့်​မည်'' ဟု​ဟော​လေ​၏။

4. ထို​စ​ကား​ကို​ကြား​လျှင်​ယေ​ရော​ဗောင်​မင်း​သည် ပ​ရော​ဖက်​အား​လက်​ညှိုး​ထိုး​၍``ထို​သူ​ကို​ဖမ်း ဆီး​ကြ​လော့'' ဟု​အ​မိန့်​ပေး​တော်​မူ​၏။ ထို​ခ​ဏ ၌​သူ​သည်​လေ​ဖြတ်​သ​ဖြင့်​မိ​မိ​၏​လက်​ကို ပြန်​လည်​ရုပ်​သိမ်း​၍​မ​ရ​တော့​ချေ။-

5. ပ​ရော​ဖက်​သည်​ထာ​ဝ​ရ​ဘု​ရား​၏​နှုတ်​က​ပတ် တော်​ကို​ကြို​တင်​ဖော်​ပြ​ခဲ့​သည့်​အ​တိုင်း ယဇ်​ပလ္လင် သည်​လည်း​ရုတ်​တ​ရက်​ပြို​ကွဲ​ကာ​ပြာ​တို့​သည် မြေ​ပေါ်​သို့​ဖိတ်​စင်​၍​ကျ​လေ​သည်။-

6. ယေ​ရော​ဗောင်​မင်း​က``အ​ကျွန်ုပ်​၏​လက်​ပျောက်​ကင်း စေ​ရန် သင်​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ထံ အ​သ​နား​ခံ​ပါ​လော့'' ဟု​တောင်း​ပန်​၏။ပ​ရော​ဖက်​သည်​ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​သို့​ဆု တောင်း​သ​ဖြင့် မင်း​ကြီး​၏​လက်​သည်​ရော​ဂါ ပျောက်​လေ​၏။-

7. ထို​အ​ခါ​မင်း​ကြီး​က​ပ​ရော​ဖက်​အား``အ​ကျွန်ုပ် နှင့်​အ​တူ နန်း​တော်​သို့​လိုက်​၍​အ​စား​အ​စာ သုံး​ဆောင်​ပါ​လော့။ သင့်​အား​လက်​ဆောင်​ပေး ပါ​မည်'' ဟု​ဆို​၏။

8. ပ​ရော​ဖက်​က​လည်း``ဘု​ရင်​မင်း​၏​စည်း​စိမ်​ဥစ္စာ တစ်​ဝက်​ကို​ပင်​ပေး​သော်​လည်း​ငါ​မ​လိုက်​လို​ပါ။ အ​ဘယ်​အ​စား​အ​စာ​ကို​မျှ​မ​စား​လို​ပါ။-

9. ထာ​ဝ​ရ​ဘု​ရား​က​ငါ့​အား​အ​ဘယ်​အ​စာ ရေ​စာ​ကို​မျှ​မ​စား​မ​သောက်​ရန်​နှင့် လာ​လမ်း အ​တိုင်း​မ​ပြန်​ရန်​ပ​ညတ်​တော်​မူ​ပြီ'' ဟု လျှောက်​၏။-

21-22. ယု​ဒ​ပ​ရော​ဖက်​အား``ထာ​ဝရ​ဘု​ရား​က​သင်​သည် ငါ​၏​စ​ကား​တော်​ကို​မ​နာ​ခံ။ ငါ​၏​အ​မိန့်​တော် အ​တိုင်း​မ​ဆောင်​ရွက်။ အ​စား​အ​စာ​မ​စား​ရန်​ငါ မှာ​ကြား​သော်​လည်း ဤ​အ​ရပ်​သို့​ပြန်​လာ​ကာ​စား သောက်​သည်​ဖြစ်​သော​ကြောင့်​အ​သတ်​ခံ​ရ​လိမ့်​မည်။ သင်​၏​အ​လောင်း​ကို​ဘိုး​ဘေး​တို့​သင်္ချိုင်း​တွင် သင်္ဂြိုဟ်​ရ​လိမ့်​မည်​ဟု​မိန့်​တော်​မူ​၏'' ဟု​ဆင့်​ဆို​၏။

23. သူ​တို့​စား​သောက်​၍​ပြီး​သော​အ​ခါ ပ​ရော​ဖက်​အို ကြီး​သည်​မြည်း​ကို​ကုန်း​နှီး​တင်​၍​ပေး​သ​ဖြင့်၊-

24. ယု​ဒ​ပ​ရော​ဖက်​သည်​မြည်း​ကို​စီး​၍​ထွက်​လာ ရာ​လမ်း​တွင် ခြင်္သေ့​ကိုက်​၍​သေ​လေ​၏။-

25. သူ​၏​အ​လောင်း​သည်​လမ်း​ပေါ်​တွင်​လဲ​လျက် မြည်း​နှင့်​ခြင်္သေ့​သည်​လည်း ထို​အ​လောင်း​အ​နီး ၌​ပင်​ရပ်​လျက်​နေ​ကြ​၏။ ယင်း​သို့​လမ်း​ပေါ် တွင်​လဲ​နေ​သော​အ​လောင်း​ကို​လည်း​ကောင်း၊ အ​နီး​တွင်​ရပ်​လျက်​နေ​သော​မြည်း​နှင့်​ခြင်္သေ့ ကို​လည်း​ကောင်း​ခ​ရီး​သွား​သူ​အ​ချို့​တို့ မြင်​ကြ​၏။ သူ​တို့​သည်​ဗေ​သ​လ​မြို့​သို့ သွား​ပြီး​လျှင်​မိ​မိ​တို့​တွေ့​မြင်​ခဲ့​ရ​သည့် အ​ဖြစ်​အ​ပျက်​ကို​ပြော​ကြား​ကြ​၏။

26. ပ​ရော​ဖက်​အို​ကြီး​သည် ထို​သ​တင်း​ကို​ကြား သော​အ​ခါ``ဤ​သူ​ကား​ထာ​ဝ​ရ​ဘု​ရား​၏​အ​မိန့် တော်​ကို​လွန်​ဆန်​သည့်​ပ​ရော​ဖက်​ပင်​ဖြစ်​ပါ​သည် တ​ကား။ ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​အ​မိန့်​တော်​ရှိ ခဲ့​သည့်​အ​တိုင်း ခြင်္သေ့​ကို​စေ​လွှတ်​၍​ကိုက်​သတ်​စေ တော်​မူ​လေ​ပြီ'' ဟု​ဆို​၏။-

27. ထို​နောက်​သူ​သည်​မိ​မိ​၏​သား​တို့​အား``ငါ​၏​မြည်း ကို​ကုန်း​နှီး​တင်​ကြ​လော့'' ဟု​ဆို​သည်​အ​တိုင်း သူ​တို့​သည်​ကုန်း​နှီး​တင်​၍​ပေး​ကြ​၏။-

28. ထို​အ​ခါ​ပ​ရော​ဖက်​အို​ကြီး​သည်​မြည်း​ကို​စီး ၍​ထွက်​သွား​ရာ လမ်း​ပေါ်​တွင်​သေ​နေ​သော​ပ​ရော ဖက်​နှင့်​အ​နီး​တွင်​ရပ်​နေ​လျက်​ရှိ​နေ​သေး​သည့် မြည်း​နှင့်​ခြင်္သေ့​ကို​တွေ့​လေ​၏။ ခြင်္သေ့​သည်​လူ သေ​ကောင်​ကို​လည်း​မ​စား၊ မြည်း​ကို​လည်း မ​ကိုက်။-

29. ပ​ရော​ဖက်​အို​ကြီး​သည်​ထို​အလောင်း​ကို​ယူ​၍ မြည်း​ပေါ်​သို့​တင်​ပြီး​လျှင် ဝမ်း​နည်း​ပူ​ဆွေး သည့်​အ​ထိမ်း​အ​မှတ်​ကို​ပြ​ရန်​နှင့်​သင်္ဂြိုဟ်​ရန် ဗေ​သ​လ​မြို့​သို့​ယူ​ဆောင်​လာ​၏။-

30. သူ​သည်​ထို​အ​လောင်း​ကို​မိ​မိ​၏​အိမ်​ထောင်​စု သင်္ချိုင်း​တွင်​သင်္ဂြိုဟ်​ပြီး​နောက် မိ​မိ​၏​သား​များ နှင့်​အ​တူ``အို ငါ့​ညီ၊ ငါ့​ညီ'' ဟု​ဆို​၍​ငို​ကြွေး မြည်း​တမ်း​လေ​သည်။-

31. ထို​နောက်​ပ​ရော​ဖက်​အို​ကြီး​သည်​မိ​မိ​၏​သား များ​အား``ငါ​သေ​သော​အ​ခါ​ထို​သူ​၏​အ​နီး တွင်​ကပ်​၍​ဤ​သင်္ချိုင်း​တွင်​သင်္ဂြိုဟ်​ကြ​လော့။-

32. ဗေ​သ​လ​မြို့​ရှိ​ယဇ်​ပလ္လင်​နှင့် ပတ်​သက်​၍​လည်း ကောင်း၊ ရှ​မာ​ရိ​မြို့​များ​ရှိ​ဝတ်​ပြု​ကိုး​ကွယ်​ရာ ဌာ​န​များ​နှင့်​ပတ်​သက်​၍​လည်း​ကောင်း၊ ထာ​ဝရ ဘု​ရား​အ​မိန့်​တော်​အ​ရ​ထို​သူ​ပြန်​ကြား​သည့် စ​ကား မှန်​သ​မျှ​သည်​မု​ချ​အကောင်​အ​ထည် ပေါ်​လာ​လိမ့်​မည်'' ဟု​ဆို​၏။

33. ဣ​သ​ရေ​လ​ဘု​ရင်​ယေ​ရော​ဗောင်​သည်​ယ​ခု​တိုင် အောင်​ပင် မိ​မိ​၏​ဒု​စ​ရိုက်​လမ်း​စဉ်​ကို​မ​စွန့်​သေး ဘဲ မိ​မိ​တည်​ဆောက်​ထား​သည့်​ယဇ်​ပလ္လင်​များ​တွင် အ​မှု​ထမ်း​ရန် ယဇ်​ပု​ရော​ဟိတ်​များ​အ​ဖြစ်​သာ​မန် အိမ်​ထောင်​စု​များ​မှ​ရွေး​ချယ်​ခန့်​ထား​လေ့​ရှိ​၏။ သူ သည်​ယဇ်​ပု​ရော​ဟိတ်​လုပ်​လို​သူ​မှန်​သ​မျှ​ကို ခန့်​ထား​လေ​သည်။-

34. ဤ​သို့​သူ​ကူး​လွန်​သည့်​အ​ပြစ်​ကြောင့်​သူ​၏ မင်း​ဆက်​သည်​လုံး​ဝ​ပျက်​သုဉ်း​၍​သွား​လေ​၏။

၃ ရာ 13