14. ထိုအခါသူသည်မြည်းကိုစီး၍ယုဒပရော ဖက်၏နောက်သို့လိုက်လေ၏။ ဝက်သစ်ချပင် တစ်ပင်အောက်တွင်ထိုပရောဖက်ထိုင်လျက် နေသည်ကိုတွေ့သောအခါ ပရောဖက်အို ကြီးက``သင်သည်ယုဒပြည်မှလာသော ပရောဖက်လော'' ဟုမေး၏။ထိုသူကလည်း``ဟုတ်ပါသည်'' ဟုဖြေ၏။
15. ``ငါနှင့်အတူအိမ်သို့လိုက်၍အစားအစာကို စားသောက်ပါလော့'' ဟုပရောဖက်အိုကြီးက ခေါ်ဖိတ်၏။
16. သို့ရာတွင်ယုဒပရောဖက်က``ငါသည်သင်နှင့် အတူမလိုက်နိုင်။ သင်ဧည့်ဝတ်ပြုသည်ကိုလည်း လက်မခံနိုင်။ သင်နှင့်အတူဤအရပ်တွင် အဘယ်အစာရေစာကိုမျှမစားမသောက် နိုင်။-
17. အဘယ်ကြောင့်ဆိုသော်ထာဝရဘုရားက ငါ့အား`အဘယ်အစာရေစာကိုမျှမစား မသောက်နှင့်။ လာလမ်းအတိုင်းလည်းမပြန် နှင့်' ဟုပညတ်တော်မူသောကြောင့်ဖြစ်ပါ သည်'' ဟုပြန်ပြောလေ၏။
18. ထိုအခါဗေသလမြို့သားပရောဖက်အိုကြီး က``ငါသည်လည်းသင်ကဲ့သို့ပင်ပရောဖက်ဖြစ် ပါ၏။ ထာဝရဘုရား၏အမိန့်တော်အရ ကောင်းကင်တမန်တစ်ပါးကသင့်ကိုအိမ်သို့ ဖိတ်ခေါ်၍ဧည့်ဝတ်ပြုရန် ငါ့အားမှာကြား ထားပါသည်'' ဟုဆို၏။ ယင်းသို့ထိုပရောဖက် ကြီးကမုသားသုံး၍ပြောဆိုသဖြင့်၊
19. ယုဒပရောဖက်သည်သူနှင့်အတူ အိမ်သို့ လိုက်၍အစားအစာကိုသုံးဆောင်လေသည်။-
20. သူတို့သည်စားပွဲတွင်ထိုင်လျက်နေစဉ်ပရော ဖက်အိုကြီးသည် ထာဝရဘုရား၏ဗျာဒိတ် တော်ရောက်၍၊-
21-22. ယုဒပရောဖက်အား``ထာဝရဘုရားကသင်သည် ငါ၏စကားတော်ကိုမနာခံ။ ငါ၏အမိန့်တော် အတိုင်းမဆောင်ရွက်။ အစားအစာမစားရန်ငါ မှာကြားသော်လည်း ဤအရပ်သို့ပြန်လာကာစား သောက်သည်ဖြစ်သောကြောင့်အသတ်ခံရလိမ့်မည်။ သင်၏အလောင်းကိုဘိုးဘေးတို့သင်္ချိုင်းတွင် သင်္ဂြိုဟ်ရလိမ့်မည်ဟုမိန့်တော်မူ၏'' ဟုဆင့်ဆို၏။
23. သူတို့စားသောက်၍ပြီးသောအခါ ပရောဖက်အို ကြီးသည်မြည်းကိုကုန်းနှီးတင်၍ပေးသဖြင့်၊-
24. ယုဒပရောဖက်သည်မြည်းကိုစီး၍ထွက်လာ ရာလမ်းတွင် ခြင်္သေ့ကိုက်၍သေလေ၏။-