1. ယုဒပြည်မှပရောဖက်တစ်ပါးသည် ထာဝရ ဘုရား၏အမိန့်တော်အရဗေသလမြို့သို့ သွားရာယဇ်ပူဇော်ရန် ယဇ်ပလ္လင်တွင်ယေရော ဗောင်ရပ်လျက်နေချိန်၌ရောက်ရှိလာလေသည်။-
2. ထာဝရဘုရား၏အမိန့်တော်အတိုင်းပရော ဖက်က``အို ယဇ်ပလ္လင်၊ ယဇ်ပလ္လင်၊ ထာဝရဘုရား က`ယောရှိနာမည်တွင်မည့်သူငယ်သည်ဒါဝိဒ် ၏သားချင်းစုတွင်ဖွားမြင်လိမ့်မည်။ ပူဇော် သကာများကိုသင်၏အပေါ်တွင်တင်လှူကာ မိစ္ဆာယဇ်ပလ္လင်များတွင်အမှုထမ်းဆောင်သော ယဇ်ပုရောဟိတ်တို့အား သူသည်သင့်အပေါ် မှာတင်၍ယဇ်ပူဇော်လိမ့်မည်။ လူရိုးတို့ကို လည်းတင်၍မီးရှို့လိမ့်မည်' ဟုမိန့်တော် မူ၏'' ဟုဆင့်ဆို၏။-
3. ထို့နောက်ပရောဖက်ကဆက်လက်၍``ဤယဇ်ပလ္လင် သည်ပြိုကွဲ၍ ပလ္လင်ပေါ်ရှိပြာတို့သည်လည်းပျံ့ လွင့်လိမ့်မည်။ ထိုအခါငါ့အားဖြင့်ဤစကား ကိုထာဝရဘုရားမိန့်တော်မူကြောင်းသင် သိလိမ့်မည်'' ဟုဟောလေ၏။
4. ထိုစကားကိုကြားလျှင်ယေရောဗောင်မင်းသည် ပရောဖက်အားလက်ညှိုးထိုး၍``ထိုသူကိုဖမ်း ဆီးကြလော့'' ဟုအမိန့်ပေးတော်မူ၏။ ထိုခဏ ၌သူသည်လေဖြတ်သဖြင့်မိမိ၏လက်ကို ပြန်လည်ရုပ်သိမ်း၍မရတော့ချေ။-
5. ပရောဖက်သည်ထာဝရဘုရား၏နှုတ်ကပတ် တော်ကိုကြိုတင်ဖော်ပြခဲ့သည့်အတိုင်း ယဇ်ပလ္လင် သည်လည်းရုတ်တရက်ပြိုကွဲကာပြာတို့သည် မြေပေါ်သို့ဖိတ်စင်၍ကျလေသည်။-
6. ယေရောဗောင်မင်းက``အကျွန်ုပ်၏လက်ပျောက်ကင်း စေရန် သင်၏ဘုရားသခင်ထာဝရဘုရားထံ အသနားခံပါလော့'' ဟုတောင်းပန်၏။ပရောဖက်သည်ထာဝရဘုရားထံတော်သို့ဆု တောင်းသဖြင့် မင်းကြီး၏လက်သည်ရောဂါ ပျောက်လေ၏။-
7. ထိုအခါမင်းကြီးကပရောဖက်အား``အကျွန်ုပ် နှင့်အတူ နန်းတော်သို့လိုက်၍အစားအစာ သုံးဆောင်ပါလော့။ သင့်အားလက်ဆောင်ပေး ပါမည်'' ဟုဆို၏။
8. ပရောဖက်ကလည်း``ဘုရင်မင်း၏စည်းစိမ်ဥစ္စာ တစ်ဝက်ကိုပင်ပေးသော်လည်းငါမလိုက်လိုပါ။ အဘယ်အစားအစာကိုမျှမစားလိုပါ။-
9. ထာဝရဘုရားကငါ့အားအဘယ်အစာ ရေစာကိုမျှမစားမသောက်ရန်နှင့် လာလမ်း အတိုင်းမပြန်ရန်ပညတ်တော်မူပြီ'' ဟု လျှောက်၏။-
10. ထို့နောက်သူသည်လာလမ်းဖြင့်မပြန်ဘဲ အခြားလမ်းဖြင့်ပြန်လေ၏။
11. ထိုအချိန်အခါ၌ဗေသလမြို့တွင်နေထိုင် သူပရောဖက်အိုကြီးတစ်ပါးရှိ၏။ သူ၏သား များသည်ထိုနေ့၌ဗေသလမြို့တွင်ယုဒ ပရောဖက်ပြုမူသွားပုံနှင့် မင်းကြီးအား ပြောကြားသောစကားများကိုဖခင်အား ပြန်ပြောကြ၏။-
12. ပရောဖက်အိုကြီးက``ထိုသူသည်အဘယ် လမ်းဖြင့်ပြန်သနည်း'' ဟုသားတို့အားမေး လျှင်သားတို့သည်ယုဒပရောဖက်ပြန်သည့် လမ်းကိုညွှန်ပြကြ၏။-
13. ပရောဖက်အိုကြီးက``ငါ၏မြည်းကိုကုန်းနှီး တင်ကြလော့'' ဟုဆိုသည့်အတိုင်းသားတို့ သည်ကုန်းနှီးတင်၍ပေးကြ၏။-
14. ထိုအခါသူသည်မြည်းကိုစီး၍ယုဒပရော ဖက်၏နောက်သို့လိုက်လေ၏။ ဝက်သစ်ချပင် တစ်ပင်အောက်တွင်ထိုပရောဖက်ထိုင်လျက် နေသည်ကိုတွေ့သောအခါ ပရောဖက်အို ကြီးက``သင်သည်ယုဒပြည်မှလာသော ပရောဖက်လော'' ဟုမေး၏။ထိုသူကလည်း``ဟုတ်ပါသည်'' ဟုဖြေ၏။
15. ``ငါနှင့်အတူအိမ်သို့လိုက်၍အစားအစာကို စားသောက်ပါလော့'' ဟုပရောဖက်အိုကြီးက ခေါ်ဖိတ်၏။
16. သို့ရာတွင်ယုဒပရောဖက်က``ငါသည်သင်နှင့် အတူမလိုက်နိုင်။ သင်ဧည့်ဝတ်ပြုသည်ကိုလည်း လက်မခံနိုင်။ သင်နှင့်အတူဤအရပ်တွင် အဘယ်အစာရေစာကိုမျှမစားမသောက် နိုင်။-
17. အဘယ်ကြောင့်ဆိုသော်ထာဝရဘုရားက ငါ့အား`အဘယ်အစာရေစာကိုမျှမစား မသောက်နှင့်။ လာလမ်းအတိုင်းလည်းမပြန် နှင့်' ဟုပညတ်တော်မူသောကြောင့်ဖြစ်ပါ သည်'' ဟုပြန်ပြောလေ၏။