7. မှူးမတ်တို့က``အရှင်သည်ထိုသူတို့အားအကျိုး ပြုလိုတော်မူပါလျှင် သူတို့၏ပန်ကြားချက်ကို လိုက်လျောတော်မူပါ။ သူတို့သည်အရှင်၏အမှု တော်ကို အစဉ်အမြဲသစ္စာနှင့်ထမ်းဆောင်ကြ ပါလိမ့်မည်'' ဟုလျှောက်ထားကြ၏။
8. သို့ရာတွင်ရောဗောင်သည်ထိုမှူးမတ်တို့ပေးသည့် အကြံကိုလျစ်လူရှု၍ အပါးတော်တွင်ခစား နေကျဖြစ်သောမိမိ၏ငယ်သူငယ်ချင်း လူငယ်လူရွယ်များထံသို့သွားပြီးလျှင်၊-
9. ``သင်တို့ကငါ့အားအဘယ်သို့အကြံပေးကြ ပါမည်နည်း။ သူတို့၏ဝန်ကိုပေါ့ပါးအောင်ပြု လုပ်ပေးရန် ငါ့ထံပန်ကြားလျှောက်ထားနေသူ တို့အားအဘယ်သို့ဖြေကြားရပါမည်နည်း'' ဟုမေးတော်မူ၏။
10. ထိုသူငယ်များက``အရှင်သည်သူတို့အား`ငါ၏ လက်သန်းသည်ခမည်းတော်၏ခါးထက်ပို၍ တုတ်၏။-
11. ငါ့ခမည်းတော်တင်သောဝန်လေးသည်မှန်၏။ ငါ တင်သောဝန်ကားထိုထက်ပင်ပို၍လေးလိမ့်မည်။ သူသည်သင်တို့အားကြိမ်နှင့်ရိုက်၏။ ငါမူကား ကြာပွတ်နှင့်ရိုက်အံ့' ဟုဖြေကြားတော်မူပါ'' ဟုလျှောက်ကြ၏။