18. ထိုအခါရောဗောင်မင်းသည် ချွေးတပ်တာဝန်ခံ အဒေါနိရံအား ဣသရေလအမျိုးသားတို့ထံ သို့စေလွှတ်တော်မူ၏။ သို့ရာတွင်ဣသရေလ အမျိုးသားတို့က ထိုသူ့အားခဲနှင့်ပစ်သတ်ကြ သဖြင့် ရောဗောင်သည်မိမိရထားပေါ်သို့အဆော တလျင်တက်၍ယေရုရှလင်မြို့သို့ထွက်ပြေး လေ၏။-
19. ထိုကာလမှစ၍ဣသရေလပြည်မြောက်ပိုင်း ပြည်သူတို့သည် ဒါဝိဒ်မင်းမျိုးကိုပုန်ကန် ကြလေသတည်း။
20. ဣသရေလအမျိုးသားတို့သည် အီဂျစ်ပြည် မှယေရောဗောင်ပြန်လည်ရောက်ရှိလာသည့် သတင်းကိုကြားသောအခါ သူ့အားလူထု အစည်းအဝေးသို့ဖိတ်ခေါ်ကာ ဣသရေလ ဘုရင်အဖြစ်မင်းမြှောက်ကြကုန်၏။ ယုဒ အနွယ်သာလျှင်ဒါဝိဒ်၏သားမြေးတို့ အပေါ်တွင်သစ္စာစောင့်ကြလေသည်။
21. ရောဗောင်သည်ယေရုရှလင်မြို့သို့ရောက်ရှိလာ သောအခါ ဣသရေလပြည်မြောက်ပိုင်းကိုပြန် လည်သိမ်းပိုက်ရန်ကြံစည်လျက် ယုဒနှင့်ဗင်္ယာ မိန်အနွယ်များမှလက်ရွေးစင်တပ်သား တစ်သိန်းရှစ်သောင်းကိုစုရုံးစေတော်မူ၏။
22. သို့ရာတွင်ဘုရားသခင်သည် ပရောဖက် ရှေမာယကိုစေလွှတ်၍၊-
23. ရောဗောင်မင်းနှင့်တကွယုဒအနွယ်ဝင်နှင့် ဗင်္ယာမိန်အနွယ်ဝင်အပေါင်းတို့အား၊-
24. ``သင်တို့သည်သင်တို့၏ညီအစ်ကိုများဖြစ် ကြသောဣသရေလပြည်သူတို့ကိုမတိုက် မခိုက်ကြနှင့်။ ယခုဖြစ်ပျက်ခဲ့သောအမှု သည်ငါ၏အလိုတော်အတိုင်းဖြစ်သဖြင့် သင်တို့အားလုံးမိမိတို့နေရပ်သို့ပြန်ကြ လော့'' ဟုထာဝရဘုရားမိန့်တော်မူကြောင်း ဆင့်ဆိုစေတော်မူ၏။ သူတို့အားလုံးသည် လည်းထာဝရဘုရား၏အမိန့်တော်ကို နာခံလျက်မိမိတို့နေရပ်သို့ပြန်သွား ကြ၏။
25. ဣသရေလဘုရင်ယေရောဗောင်သည်တောင် ပေါများသောဧဖရိမ်ပြည်၊ ရှေခင်မြို့ကို တံတိုင်းကာပြီးလျှင်ကာလအတန်ကြာမျှ နန်းစံတော်မူ၏။ ထို့နောက်ထိုမြို့မှထွက်ခွာ ၍ပေနွေလမြို့ကိုတံတိုင်းကာတော်မူ၍၊-
26-27. ``ငါ၏ပြည်သူတို့သည်ယခုအတိုင်းယေရု ရှလင်မြို့ရှိဗိမာန်တော်သို့သွား၍ ထာဝရ ဘုရားအားဝတ်ပြုကိုးကွယ်ကြလျှင် သူတို့ သည်ယုဒဘုရင်ရောဗောင်၏ကျေးဇူးသစ္စာ ကိုပြောင်းလဲခံယူကာငါ့အားလုပ်ကြံ ကြပေလိမ့်မည်'' ဟုတွေးတောလျက်နေ၏။
28. ယင်းသို့တွေးတောပြီးနောက် ယေရောဗောင်သည် ရွှေနွားလားဥသဘရုပ်နှစ်ကောင်ကိုသွန်း လုပ်၍ပြည်သူတို့အား``သင်တို့သည်ကိုးကွယ် ဝတ်ပြုရန်အတွက် ယေရုရှလင်မြို့သို့သွားရ ကြသည်မှာကာလအတော်ကြာပြီ။ အို ဣသ ရေလပြည်သူတို့၊ သင်တို့အားအီဂျစ်ပြည် မှထုတ်ဆောင်လာတော်မူသောဘုရားများ ကားဤဘုရားများပင်တည်း'' ဟုမိန့်တော် မူ၏။-
29. ထို့နောက်ရွှေနွားလားဥသဘရုပ်တစ်ကောင် ကိုဗေသလမြို့၌လည်းကောင်း၊ အခြားတစ် ကောင်ကိုဒန်မြို့၌လည်းကောင်းထားတော်မူ၏။-
30. ထို့ကြောင့်ပြည်သူတို့သည်ထိုမြို့များသို့သွား ရောက်ကာ ကိုးကွယ်ဝတ်ပြုလျက်အပြစ်ကူး လွန်ကြကုန်၏။-
31. ယေရောဗောင်သည်တောင်ထိပ်များတွင်ကိုးကွယ် ဝတ်ပြုရာဌာနများကိုလည်းတည်ဆောက်ပြီး လျှင် လေဝိအနွယ်ဝင်မဟုတ်သောသူတို့အား ပုရောဟိတ်များအဖြစ်ခန့်ထားတော်မူလေ သည်။
32. ယေရောဗောင်သည်ယုဒပြည်တွင်ကျင်းပသည့် ပွဲတော်နှင့်အလားတူဘာသာရေးပွဲတော်ကို လည်း အဋ္ဌမလတစ်ဆယ့်ငါးရက်နေ့၌ကျင်းပ ရန်ပြဋ္ဌာန်းတော်မူ၏။ သူသည်မိမိသွန်းလုပ် ထားသောနွားလားဥသဘရုပ်များအား ဗေသလမြို့ရှိယဇ်ပလ္လင်တွင်ယဇ်များကို ပူဇော်၍ မိမိဆောက်လုပ်ထားသည့်ကိုးကွယ် ဝတ်ပြုရာဌာနများတွင် အမှုတော်ဆောင် လျက်ရှိသောယဇ်ပုရောဟိတ်တို့ကိုထို မြို့၌တာဝန်ပေးအပ်တော်မူ၏။-
33. မင်းကြီးသည်မိမိသတ်မှတ်ပေးသည့်နေ့ရက် ဖြစ်သည့် အဋ္ဌမလတစ်ဆယ့်ငါးရက်နေ့၌ ဗေသလမြို့ရှိယဇ်ပလ္လင်သို့သွား၍ ယဇ်ပူဇော် ကာဣသရေလပြည်သူတို့အတွက် မိမိကိုယ် တိုင်တီထွင်ပြဋ္ဌာန်းပေးသည့်ပွဲတော်ကို ကျင်းပတော်မူသတည်း။