၃ ရာ 12:16-24 Common Language Bible (BCL)

16. မိ​မိ​တို့​၏​ပန်​ကြား​ချက်​ကို မင်း​ကြီး​နား​ထောင် တော့​မည်​မ​ဟုတ်​ကြောင်း​သိ​ရှိ​ကြ​သော​အ​ခါ လူ တို့​က``ဒါ​ဝိဒ်​၌​ငါ​တို့​လူ​မျိုး​တော်​မ​ရှိ။ ယေ​ရှဲ ၏​သား​၌​ငါ​တို့​အ​မွေ​မ​ရှိ။ အို ဣ​သ​ရေ​လ​ပြည် သူ​တို့၊ ငါ​တို့​နေ​ရပ်​သို့​ပြန်​ကြ​ကုန်​အံ့။ အို ဒါ​ဝိဒ်၊ သင်​၏​အိမ်​ကို​ပြန်​ကြည့်​လော့'' ဟု​ဟစ်​အော်​ကြ ကုန်​၏။သို့​ဖြစ်​၍​ဣ​သ​ရေ​လ​ပြည်​သူ​တို့​သည်​ပုန်​ကန် ကြ​၏။-

17. ရော​ဗောင်​သည်​ယု​ဒ​နယ်​မြေ​တွင်​နေ​ထိုင်​သူ​တို့ ကို​သာ​လျှင် အုပ်​စိုး​ရ​လေ​သည်။

18. ထို​အ​ခါ​ရော​ဗောင်​မင်း​သည် ချွေး​တပ်​တာ​ဝန်​ခံ အ​ဒေါ​နိ​ရံ​အား ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ထံ သို့​စေ​လွှတ်​တော်​မူ​၏။ သို့​ရာ​တွင်​ဣ​သ​ရေ​လ အမျိုး​သား​တို့​က ထို​သူ့​အား​ခဲ​နှင့်​ပစ်​သတ်​ကြ သ​ဖြင့် ရော​ဗောင်​သည်​မိ​မိ​ရ​ထား​ပေါ်​သို့​အ​ဆော တ​လျင်​တက်​၍​ယေ​ရု​ရှ​လင်​မြို့​သို့​ထွက်​ပြေး လေ​၏။-

19. ထို​ကာ​လ​မှ​စ​၍​ဣသ​ရေ​လ​ပြည်​မြောက်​ပိုင်း ပြည်​သူ​တို့​သည် ဒါ​ဝိဒ်​မင်း​မျိုး​ကို​ပုန်​ကန် ကြ​လေ​သ​တည်း။

20. ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် အီ​ဂျစ်​ပြည် မှ​ယေ​ရော​ဗောင်​ပြန်​လည်​ရောက်​ရှိ​လာ​သည့် သ​တင်း​ကို​ကြား​သော​အ​ခါ သူ့​အား​လူ​ထု အ​စည်း​အ​ဝေး​သို့​ဖိတ်​ခေါ်​ကာ ဣ​သ​ရေ​လ ဘု​ရင်​အ​ဖြစ်​မင်း​မြှောက်​ကြ​ကုန်​၏။ ယု​ဒ အ​နွယ်​သာ​လျှင်​ဒါ​ဝိဒ်​၏​သား​မြေး​တို့ အ​ပေါ်​တွင်​သစ္စာ​စောင့်​ကြ​လေ​သည်။

21. ရော​ဗောင်​သည်​ယေ​ရု​ရှ​လင်​မြို့​သို့​ရောက်​ရှိ​လာ သော​အ​ခါ ဣ​သ​ရေ​လ​ပြည်​မြောက်​ပိုင်း​ကို​ပြန် လည်​သိမ်း​ပိုက်​ရန်​ကြံ​စည်​လျက် ယု​ဒ​နှင့်​ဗင်္ယာ မိန်​အ​နွယ်​များ​မှ​လက်​ရွေး​စင်​တပ်​သား တစ်​သိန်း​ရှစ်​သောင်း​ကို​စု​ရုံး​စေ​တော်​မူ​၏။

22. သို့​ရာ​တွင်​ဘု​ရား​သ​ခင်​သည် ပ​ရော​ဖက် ရှေ​မာ​ယ​ကို​စေ​လွှတ်​၍၊-

23. ရော​ဗောင်​မင်း​နှင့်​တ​ကွ​ယုဒ​အ​နွယ်​ဝင်​နှင့် ဗင်္ယာ​မိန်​အ​နွယ်​ဝင်​အ​ပေါင်း​တို့​အား၊-

24. ``သင်​တို့​သည်​သင်​တို့​၏​ညီ​အစ်​ကို​များ​ဖြစ် ကြ​သော​ဣ​သ​ရေ​လ​ပြည်​သူ​တို့​ကို​မ​တိုက် မ​ခိုက်​ကြ​နှင့်။ ယ​ခု​ဖြစ်​ပျက်​ခဲ့​သော​အ​မှု သည်​ငါ​၏​အ​လို​တော်​အ​တိုင်း​ဖြစ်​သ​ဖြင့် သင်​တို့​အား​လုံး​မိ​မိ​တို့​နေ​ရပ်​သို့​ပြန်​ကြ လော့'' ဟု​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​ကြောင်း ဆင့်​ဆို​စေ​တော်​မူ​၏။ သူ​တို့​အား​လုံး​သည် လည်း​ထာ​ဝ​ရ​ဘု​ရား​၏​အ​မိန့်​တော်​ကို နာ​ခံ​လျက်​မိ​မိ​တို့​နေ​ရပ်​သို့​ပြန်​သွား ကြ​၏။

၃ ရာ 12