၃ ရာ 12:10-17 Common Language Bible (BCL)

10. ထို​သူ​ငယ်​များ​က``အ​ရှင်​သည်​သူ​တို့​အား`ငါ​၏ လက်​သန်း​သည်​ခ​မည်း​တော်​၏​ခါး​ထက်​ပို​၍ တုတ်​၏။-

11. ငါ့​ခ​မည်း​တော်​တင်​သော​ဝန်​လေး​သည်​မှန်​၏။ ငါ တင်​သော​ဝန်​ကား​ထို​ထက်​ပင်​ပို​၍​လေး​လိမ့်​မည်။ သူ​သည်​သင်​တို့​အား​ကြိမ်​နှင့်​ရိုက်​၏။ ငါ​မူ​ကား ကြာ​ပွတ်​နှင့်​ရိုက်​အံ့' ဟု​ဖြေ​ကြား​တော်​မူ​ပါ'' ဟု​လျှောက်​ကြ​၏။

12. သုံး​ရက်​မျှ​ကြာ​သော​အ​ခါ​ယေ​ရော​ဗောင်​နှင့် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ရော​ဗောင်​မင်း မှာ​ကြား​လိုက်​သည့်​အ​တိုင်း​ပြန်​လာ​ကြ​၏။-

13. ထို​အ​ခါ​ရော​ဗောင်​သည်​အ​သက်​ကြီး​သူ​အ​တိုင် ပင်​ခံ​အ​မတ်​များ​ပေး​သည့်​အ​ကြံ​ကို​လျစ်​လူ ရှု​ပြီး​လျှင်၊-

14. လူ​ငယ်​လူ​ရွယ်​တို့​ပေး​သည့်​အ​ကြံ​အ​တိုင်း​ထို သူ​တို့​အား``ငါ့​ခ​မည်း​တော်​တင်​သော​ဝန်​လေး သည်​မှန်​၏။ ငါ​တင်​သော​ဝန်​ကား​ထို​ထက်​ပင်​ပို ၍​လေး​လိမ့်​မည်။ သူ​သည်​သင်​တို့​အား​ကြိမ်​နှင့် ရိုက်​၏။ ငါ​မူ​ကား​ကြာ​ပွတ်​နှင့်​ရိုက်​အံ့'' ဟု ခက်​ထန်​စွာ​ဖြေ​ကြား​တော်​မူ​၏။-

15. မင်း​ကြီး​သည်​ဤ​သို့​ပြည်​သူ​တို့​အား​အ​လေး ဂ​ရု​မ​ပြု​ဘဲ​နေ​တော်​မူ​ခြင်း​မှာ ပ​ရော​ဖက် အ​ဟိ​ယ​အား​ဖြင့်​ယေ​ရော​ဗောင်​အား​ကိုယ်​တော် ပေး​တော်​မူ​ခဲ့​သည့်​က​တိ​တော်​ကို အ​ကောင် အ​ထည်​ပေါ်​စေ​ရန်​ထာ​ဝ​ရ​ဘု​ရား​အ​လို ရှိ​တော်​မူ​သော​ကြောင့်​ဖြစ်​၏။

16. မိ​မိ​တို့​၏​ပန်​ကြား​ချက်​ကို မင်း​ကြီး​နား​ထောင် တော့​မည်​မ​ဟုတ်​ကြောင်း​သိ​ရှိ​ကြ​သော​အ​ခါ လူ တို့​က``ဒါ​ဝိဒ်​၌​ငါ​တို့​လူ​မျိုး​တော်​မ​ရှိ။ ယေ​ရှဲ ၏​သား​၌​ငါ​တို့​အ​မွေ​မ​ရှိ။ အို ဣ​သ​ရေ​လ​ပြည် သူ​တို့၊ ငါ​တို့​နေ​ရပ်​သို့​ပြန်​ကြ​ကုန်​အံ့။ အို ဒါ​ဝိဒ်၊ သင်​၏​အိမ်​ကို​ပြန်​ကြည့်​လော့'' ဟု​ဟစ်​အော်​ကြ ကုန်​၏။သို့​ဖြစ်​၍​ဣ​သ​ရေ​လ​ပြည်​သူ​တို့​သည်​ပုန်​ကန် ကြ​၏။-

17. ရော​ဗောင်​သည်​ယု​ဒ​နယ်​မြေ​တွင်​နေ​ထိုင်​သူ​တို့ ကို​သာ​လျှင် အုပ်​စိုး​ရ​လေ​သည်။

၃ ရာ 12