1. ရောဗောင်သည်မိမိအားမင်းမြှောက်ရန် ဣသရေလ ပြည်မြောက်ပိုင်းရှိလူတို့စုရုံးလျက်ရှိရာရှေခင် မြို့သို့သွား၏။-
2. ရှောလမုန်မင်း၏ဘေးမှလွတ်မြောက်ရန်ထွက် ပြေးသွားသူနေဗက်၏သားယေရောဗောင်သည် ထိုသတင်းကိုကြားသောအခါအီဂျစ်ပြည် မှပြန်လာလေသည်။-
3. ဣသရေလပြည်မြောက်ပိုင်းမှလူတို့သည်သူ့ကို ခေါ်ယူပြီးလျှင် သူနှင့်အတူရောဗောင်မင်းထံသို့ သွားကြ၏။ သူတို့က၊-
4. ``အရှင့်ခမည်းတော်ရှောလမုန်သည်ကျွန်ုပ်တို့ အပေါ်လေးလံသောထမ်းပိုးကိုတင်တော်မူခဲ့ ပါ၏။ အရှင်သည်ထိုလေးလံသောထမ်းပိုးနှင့် ပင်ပန်းသောဝန်ကိုပေါ့ပါးစေလျက် အကျွန်ုပ်တို့ အားနေသာထိုင်သာရှိအောင်ပြုတော်မူမည်ဆို ပါက အကျွန်ုပ်တို့သည်သစ္စာရှိစွာအရှင့်၏ အမှုတော်ကိုထမ်းဆောင်ပါမည်'' ဟုလျှောက် ထားကြ၏။
5. ရောဗောင်ကလည်း``သုံးရက်ကြာလျှင်ငါ့ထံသို့ ပြန်ခဲ့ကြ။ ထိုအခါမှသင်တို့အားငါအဖြေ ပေးမည်'' ဟုဆို၏။
6. ထို့နောက်ရောဗောင်သည် ခမည်းတော်ရှောလမုန်၏ အတိုင်ပင်ခံအသက်ကြီးသူအမတ်များအား``ထို သူတို့ကိုငါအဘယ်သို့ဖြေကြားရပါမည်နည်း။ သင်တို့အဘယ်သို့အကြံပေးလိုကြပါသနည်း'' ဟုမေးတော်မူ၏။
7. မှူးမတ်တို့က``အရှင်သည်ထိုသူတို့အားအကျိုး ပြုလိုတော်မူပါလျှင် သူတို့၏ပန်ကြားချက်ကို လိုက်လျောတော်မူပါ။ သူတို့သည်အရှင်၏အမှု တော်ကို အစဉ်အမြဲသစ္စာနှင့်ထမ်းဆောင်ကြ ပါလိမ့်မည်'' ဟုလျှောက်ထားကြ၏။
8. သို့ရာတွင်ရောဗောင်သည်ထိုမှူးမတ်တို့ပေးသည့် အကြံကိုလျစ်လူရှု၍ အပါးတော်တွင်ခစား နေကျဖြစ်သောမိမိ၏ငယ်သူငယ်ချင်း လူငယ်လူရွယ်များထံသို့သွားပြီးလျှင်၊-
26-27. ``ငါ၏ပြည်သူတို့သည်ယခုအတိုင်းယေရု ရှလင်မြို့ရှိဗိမာန်တော်သို့သွား၍ ထာဝရ ဘုရားအားဝတ်ပြုကိုးကွယ်ကြလျှင် သူတို့ သည်ယုဒဘုရင်ရောဗောင်၏ကျေးဇူးသစ္စာ ကိုပြောင်းလဲခံယူကာငါ့အားလုပ်ကြံ ကြပေလိမ့်မည်'' ဟုတွေးတောလျက်နေ၏။