၃ ရာ 12:1-3 Common Language Bible (BCL)

1. ရော​ဗောင်​သည်​မိ​မိ​အား​မင်း​မြှောက်​ရန် ဣ​သ​ရေ​လ ပြည်​မြောက်​ပိုင်း​ရှိ​လူ​တို့​စု​ရုံး​လျက်​ရှိ​ရာ​ရှေ​ခင် မြို့​သို့​သွား​၏။-

2. ရှော​လ​မုန်​မင်း​၏​ဘေး​မှ​လွတ်​မြောက်​ရန်​ထွက် ပြေး​သွား​သူ​နေ​ဗက်​၏​သား​ယေ​ရော​ဗောင်​သည် ထို​သ​တင်း​ကို​ကြား​သော​အ​ခါ​အီ​ဂျစ်​ပြည် မှ​ပြန်​လာ​လေ​သည်။-

3. ဣ​သ​ရေ​လ​ပြည်​မြောက်​ပိုင်း​မှ​လူ​တို့​သည်​သူ့​ကို ခေါ်​ယူ​ပြီး​လျှင် သူ​နှင့်​အ​တူ​ရောဗောင်​မင်း​ထံ​သို့ သွား​ကြ​၏။ သူ​တို့​က၊-

26-27. ``ငါ​၏​ပြည်​သူ​တို့​သည်​ယခု​အ​တိုင်း​ယေ​ရု ရှ​လင်​မြို့​ရှိ​ဗိ​မာန်​တော်​သို့​သွား​၍ ထာ​ဝ​ရ ဘု​ရား​အား​ဝတ်​ပြု​ကိုး​ကွယ်​ကြ​လျှင် သူ​တို့ သည်​ယု​ဒ​ဘု​ရင်​ရော​ဗောင်​၏​ကျေး​ဇူး​သစ္စာ ကို​ပြောင်း​လဲ​ခံ​ယူ​ကာ​ငါ့​အား​လုပ်​ကြံ ကြ​ပေ​လိမ့်​မည်'' ဟု​တွေး​တော​လျက်​နေ​၏။

၃ ရာ 12