၃ ရာ 12:1-14 Common Language Bible (BCL)

1. ရော​ဗောင်​သည်​မိ​မိ​အား​မင်း​မြှောက်​ရန် ဣ​သ​ရေ​လ ပြည်​မြောက်​ပိုင်း​ရှိ​လူ​တို့​စု​ရုံး​လျက်​ရှိ​ရာ​ရှေ​ခင် မြို့​သို့​သွား​၏။-

2. ရှော​လ​မုန်​မင်း​၏​ဘေး​မှ​လွတ်​မြောက်​ရန်​ထွက် ပြေး​သွား​သူ​နေ​ဗက်​၏​သား​ယေ​ရော​ဗောင်​သည် ထို​သ​တင်း​ကို​ကြား​သော​အ​ခါ​အီ​ဂျစ်​ပြည် မှ​ပြန်​လာ​လေ​သည်။-

3. ဣ​သ​ရေ​လ​ပြည်​မြောက်​ပိုင်း​မှ​လူ​တို့​သည်​သူ့​ကို ခေါ်​ယူ​ပြီး​လျှင် သူ​နှင့်​အ​တူ​ရောဗောင်​မင်း​ထံ​သို့ သွား​ကြ​၏။ သူ​တို့​က၊-

4. ``အ​ရှင့်​ခ​မည်း​တော်​ရှော​လ​မုန်​သည်​ကျွန်ုပ်​တို့ အ​ပေါ်​လေး​လံ​သော​ထမ်း​ပိုး​ကို​တင်​တော်​မူ​ခဲ့ ပါ​၏။ အ​ရှင်​သည်​ထို​လေး​လံ​သော​ထမ်း​ပိုး​နှင့် ပင်​ပန်း​သော​ဝန်​ကို​ပေါ့​ပါး​စေ​လျက် အ​ကျွန်ုပ်​တို့ အား​နေ​သာ​ထိုင်​သာ​ရှိ​အောင်​ပြု​တော်​မူ​မည်​ဆို ပါ​က အ​ကျွန်ုပ်​တို့​သည်​သစ္စာ​ရှိ​စွာ​အ​ရှင့်​၏ အ​မှု​တော်​ကို​ထမ်း​ဆောင်​ပါ​မည်'' ဟု​လျှောက် ထား​ကြ​၏။

5. ရော​ဗောင်​က​လည်း``သုံး​ရက်​ကြာ​လျှင်​ငါ့​ထံ​သို့ ပြန်​ခဲ့​ကြ။ ထို​အ​ခါ​မှ​သင်​တို့​အား​ငါ​အ​ဖြေ ပေး​မည်'' ဟု​ဆို​၏။

6. ထို့​နောက်​ရော​ဗောင်​သည် ခ​မည်း​တော်​ရှော​လ​မုန်​၏ အ​တိုင်​ပင်​ခံ​အ​သက်​ကြီး​သူ​အ​မတ်​များ​အား``ထို သူ​တို့​ကို​ငါ​အ​ဘယ်​သို့​ဖြေ​ကြား​ရ​ပါ​မည်​နည်း။ သင်​တို့​အ​ဘယ်​သို့​အ​ကြံ​ပေး​လို​ကြ​ပါ​သ​နည်း'' ဟု​မေး​တော်​မူ​၏။

7. မှူး​မတ်​တို့​က``အ​ရှင်​သည်​ထို​သူ​တို့​အား​အ​ကျိုး ပြု​လို​တော်​မူ​ပါ​လျှင် သူ​တို့​၏​ပန်​ကြား​ချက်​ကို လိုက်​လျော​တော်​မူ​ပါ။ သူ​တို့​သည်​အ​ရှင်​၏​အမှု တော်​ကို အ​စဉ်​အ​မြဲ​သစ္စာ​နှင့်​ထမ်း​ဆောင်​ကြ ပါ​လိမ့်​မည်'' ဟု​လျှောက်​ထား​ကြ​၏။

8. သို့​ရာ​တွင်​ရော​ဗောင်​သည်​ထို​မှူး​မတ်​တို့​ပေး​သည့် အ​ကြံ​ကို​လျစ်​လူ​ရှု​၍ အ​ပါး​တော်​တွင်​ခ​စား နေ​ကျ​ဖြစ်​သော​မိ​မိ​၏​ငယ်​သူ​ငယ်​ချင်း လူ​ငယ်​လူ​ရွယ်​များ​ထံ​သို့​သွား​ပြီး​လျှင်၊-

9. ``သင်​တို့​က​ငါ့​အား​အ​ဘယ်​သို့​အ​ကြံ​ပေး​ကြ ပါ​မည်​နည်း။ သူ​တို့​၏​ဝန်​ကို​ပေါ့​ပါး​အောင်​ပြု လုပ်​ပေး​ရန် ငါ့​ထံ​ပန်​ကြား​လျှောက်​ထား​နေ​သူ တို့​အား​အ​ဘယ်​သို့​ဖြေ​ကြား​ရ​ပါ​မည်​နည်း'' ဟု​မေး​တော်​မူ​၏။

10. ထို​သူ​ငယ်​များ​က``အ​ရှင်​သည်​သူ​တို့​အား`ငါ​၏ လက်​သန်း​သည်​ခ​မည်း​တော်​၏​ခါး​ထက်​ပို​၍ တုတ်​၏။-

11. ငါ့​ခ​မည်း​တော်​တင်​သော​ဝန်​လေး​သည်​မှန်​၏။ ငါ တင်​သော​ဝန်​ကား​ထို​ထက်​ပင်​ပို​၍​လေး​လိမ့်​မည်။ သူ​သည်​သင်​တို့​အား​ကြိမ်​နှင့်​ရိုက်​၏။ ငါ​မူ​ကား ကြာ​ပွတ်​နှင့်​ရိုက်​အံ့' ဟု​ဖြေ​ကြား​တော်​မူ​ပါ'' ဟု​လျှောက်​ကြ​၏။

12. သုံး​ရက်​မျှ​ကြာ​သော​အ​ခါ​ယေ​ရော​ဗောင်​နှင့် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ရော​ဗောင်​မင်း မှာ​ကြား​လိုက်​သည့်​အ​တိုင်း​ပြန်​လာ​ကြ​၏။-

13. ထို​အ​ခါ​ရော​ဗောင်​သည်​အ​သက်​ကြီး​သူ​အ​တိုင် ပင်​ခံ​အ​မတ်​များ​ပေး​သည့်​အ​ကြံ​ကို​လျစ်​လူ ရှု​ပြီး​လျှင်၊-

14. လူ​ငယ်​လူ​ရွယ်​တို့​ပေး​သည့်​အ​ကြံ​အ​တိုင်း​ထို သူ​တို့​အား``ငါ့​ခ​မည်း​တော်​တင်​သော​ဝန်​လေး သည်​မှန်​၏။ ငါ​တင်​သော​ဝန်​ကား​ထို​ထက်​ပင်​ပို ၍​လေး​လိမ့်​မည်။ သူ​သည်​သင်​တို့​အား​ကြိမ်​နှင့် ရိုက်​၏။ ငါ​မူ​ကား​ကြာ​ပွတ်​နှင့်​ရိုက်​အံ့'' ဟု ခက်​ထန်​စွာ​ဖြေ​ကြား​တော်​မူ​၏။-

၃ ရာ 12