၃ ရာ 11:7-13 Common Language Bible (BCL)

7. ယေ​ရု​ရှ​လင်​မြို့​အ​ရှေ့​ဘက်​ရှိ​တောင်​ပေါ်​တွင် စက် ဆုပ်​ဖွယ်​ကောင်း​သည့်​မော​ဘ​ဘု​ရား၊ ခေ​မု​ရှ​နှင့် စက်​ဆုပ်​ဖွယ်​ကောင်း​သော​အမ္မုန်​ဘု​ရား​မော​လုတ် အား​ဝတ်​ပြု​ကိုး​ကွယ်​ရန်​ဌာ​န​ကို​လည်း​ကောင်း တည်​ဆောက်​လေ​သည်။-

8. လူ​မျိုး​ခြား​မိ​ဖု​ရား​အ​ပေါင်း​တို့​သည်​မိ​မိ​တို့ သက်​ဆိုင်​ရာ​ဘု​ရား​များ​အား​နံ့​သာ​ပေါင်း​ကို မီး​ရှို့​ပူ​ဇော်​နိုင်​ရန်​နှင့် ယဇ်​ပူ​ဇော်​နိုင်​ရန်​ဝတ်​ပြု ကိုး​ကွယ်​ရာ​ဌာ​န​များ​ကို​လည်း​တည်​ဆောက် ပေး​တော်​မူ​၏။

11. ``သင်​သည်​ငါ​နှင့်​ပြု​ထား​သည့်​ပ​ဋိ​ညာဉ်​ကို ချိုး​ဖောက်​လျက် ငါ​၏​အ​မိန့်​တော်​ကို​လွန်​ဆန် သည်​ဖြစ်​၍ ငါ​သည်​နိုင်​ငံ​တော်​ကို​သင့်​လက်​မှ မု​ချ​ရုပ်​သိမ်း​ပြီး​လျှင် သင်​၏​မှူး​မတ်​တစ်​ဦး အား​ပေး​အပ်​မည်။-

12. သို့​ရာ​တွင်​ငါ​သည်​သင့်​ခ​မည်း​တော်​ဒါ​ဝိဒ်​၏ မျက်​နှာ​ကို​ထောက်​၍ သင်​၏​လက်​ထက်​၌​ဤ အ​မှု​ကို​မ​ပြု​ဘဲ​သင်​၏​သား​လက်​ထက် ရောက်​မှ​ပြု​မည်။-

13. သို့​သော်​လည်း​ငါ​သည်​ငါ့​အ​စေ​ခံ​ဒါ​ဝိဒ်​၏ မျက်​နှာ​ကို​ထောက်​၍​လည်း​ကောင်း၊ ငါ​၏​မြို့​တော် အ​ဖြစ်​ငါ​ရွေး​ချယ်​ထား​သည့်​ယေ​ရု​ရှ​လင်​မြို့ ကို​ထောက်​ထား​၍​လည်း​ကောင်း သူ​၏​ထံ​မှ​တစ် နိုင်​ငံ​လုံး​ကို​မ​ရုပ်​သိမ်း။ သူ​၏​အ​တွက်​တစ်​နွယ် ကို​ချန်​ထား​မည်'' ဟု​ရှော​လ​မုန်​အား​ဗျာ​ဒိတ် ပေး​တော်​မူ​၏။

၃ ရာ 11