25. ရေဇုန်သည်လည်းရှောလမုန်အသက်ရှင်သမျှ ကာလပတ်လုံး ဣသရေလလူမျိုးတို့အား ရန်မူလျက်နေ၏။
26. ရှောလမုန်အားပုန်ကန်သူအခြားလူတစ်ယောက် မှာ ဧဖရိမ်ပြည်၊ ဇေရဒရွာသား၊ နေဗတ်၏သား ယေရောဗောင်ဖြစ်သည်။ သူသည်ရှောလမုန်၏ နန်းတွင်းအရာရှိတစ်ဦးဖြစ်၍ သူ၏မိခင်မှာ ဇေရွာနာမည်ရှိသောမုဆိုးမဖြစ်၏။-
27. ပုန်ကန်မှုဖြစ်ပွားပုံကားဤသို့တည်း။ရှောလမုန်သည်ယေရုရှလင်မြို့အရှေ့ပိုင်းတွင် မြေဖို့လျက် မြို့ရိုးများကိုတိုးချဲ့လျက်နေ၏။-
28. လုပ်ရည်ကိုင်ရည်ကောင်းသူယေရောဗောင်၏လုံ့လ ဝိရိယကိုမြင်တော်မူသောအခါ ရှောလမုန် သည်သူ့အားမနာရှေနှင့်ဧဖရိမ်နယ်မြေများ အတွက် ချွေးတပ်မှူးအဖြစ်ဖြင့်ခန့်အပ်တော် မူ၏။-
29. တစ်နေ့သ၌ယေရောဗောင်သည်ယေရုရှလင်မြို့ မှခရီးပြုရန်ထွက်ခွာလာစဉ် လမ်းပေါ်၌သူ နှင့်ရှိလောမြို့သားပရောဖက်အဟိယတို့ နှစ်ဦးတည်းတွေ့ဆုံမိကြလေသည်။-
30. အဟိယသည်မိမိဝတ်ထားသည့်ဝတ်လုံ သစ်ကိုချွတ်၍ တစ်ဆယ့်နှစ်ပိုင်းဆုတ်ဖြဲ ပြီးလျှင်၊-
31. ယေရောဗောင်အား``သင့်အတွက်ဝတ်လုံစ ဆယ်ခုကိုယူလော့။ ဣသရေလအမျိုးသား တို့၏ဘုရားသခင်ထာဝရဘုရားကသင့် အား`ငါသည်ရှောလမုန်ထံမှနိုင်ငံတော်ကို ရုပ်သိမ်း၍ ဣသရေလတို့၏နယ်မြေဆယ်ခု ကိုပေးမည်။-
32. ငါ၏အစေခံဒါဝိဒ်၏မျက်နှာကိုထောက်၍ လည်းကောင်း၊ ဣသရေလတစ်နိုင်ငံလုံးမှငါ ရွေးချယ်ထားသည့်မြို့တော်တည်းဟူသော ယေရု ရှလင်မြို့ကိုထောက်ထား၍လည်းကောင်း၊ ငါသည် ရှောလမုန်အတွက်နယ်မြေတစ်ခုကိုချန်ထား ပေးမည်။-