၃ ရာ 10:3-7 Common Language Bible (BCL)

3. မင်း​ကြီး​က​လည်း​တစ်​ခု​မ​ကျန်​ဖြေ​ကြား တော်​မူ​သည်။ မင်း​ကြီး​မ​ဖြေ​ရှင်း​နိုင်​လောက် အောင်​ခက်​ခဲ​သည့်​ပုစ္ဆာ​ဟူ​၍​မ​ရှိ။-

4-5. ဘု​ရင်​မ​သည်​မင်း​ကြီး​ဉာဏ်​ပ​ညာ​ရှိ​ပုံ၊ မင်း​ကြီး ဆောက်​လုပ်​ထား​သည့်​နန်း​တော်၊ သူ​ကျွေး​မွေး​သည့် အ​စား​အ​စာ၊ မှူး​မတ်​များ​နေ​ထိုင်​ရန်​အ​ဆောက် အ​အုံ​များ၊ နန်း​တွင်း​အ​ရာ​ရှိ​အ​စေ​ခံ​များ​ကို စီ​မံ​ခန့်​ခွဲ​ပုံ​နှင့်​သူ​တို့​ဝတ်​ဆင်​ထား​သော​ဆင် တူ​ဝတ်​စုံ​များ၊ စား​သောက်​ပွဲ​များ​တွင်​မင်း​ကြီး အား​လုပ်​ကျွေး​ရ​သည့်​အ​စေ​အ​ပါး​များ၊ ဗိ​မာန်​တော်​တွင်​ပူ​ဇော်​ထား​သည့်​ယဇ်​များ​ကို မြင်​သော​အ​ခါ​အံ့​သြ​တွေ​ဝေ​၍​သွား​လေ​သည်။-

6. သူ​သည်​ရှော​လ​မုန်​အား``ကျွန်ုပ်​သည်​ရှေ​ဘ​ပြည် တွင်​ရှိ​စဉ်​အ​ခါ​က အ​ဆွေ​တော်​နှင့်​အ​ဆွေ​တော် ၏​ဉာဏ်​ပ​ညာ​တော်​အ​ကြောင်း​ကို​ကြား​သိ​ခဲ့​ရ သည့်​သ​တင်း​မှန်​ပေ​၏။-

7. သို့​ရာ​တွင်​ကျွန်ုပ်​သည်​ကိုယ်​တိုင်​မျက်​မြင်​ဒိ​ဌ မ​တွေ့​မ​မြင်​ရ​မိ​စဉ်​အ​ခါ​က ထို​သတင်း​ကို မ​ယုံ​နိုင်​ပါ။ ထို​စဉ်​အ​ခါ​က​ကျွန်ုပ်​ကြား​သိ ရ​သည့်​အ​ရာ​များ​သည် ယ​ခု​တွေ့​မြင်​ရ​သည့် အ​မှု​အ​ရာ​များ​၏​ထက်​ဝက်​မျှ​ပင်​မ​ရှိ​ပါ။ အ​ဆွေ​တော်​၏​ဉာဏ်​ပ​ညာ​တော်​နှင့်​စည်း​စိမ် ချမ်း​သာ​သည်​ကျွန်ုပ်​ကြား​သိ​ခဲ့​သည်​ထက် များ​စွာ​ပို​မို​ကြီး​ကျယ်​ပါ​ပေ​သည်။-

၃ ရာ 10