11. သြဖိရမြို့မှရွှေများကိုတင်ဆောင်လာသော ဟိရံ၏သင်္ဘောစုသည် စန္ဒကူးသားနှင့်ကျောက် မျက်ရတနာမြောက်မြားစွာကိုလည်းယူ ဆောင်ခဲ့လေသည်။-
12. ရှောလမုန်သည်စန္ဒကူးသားကိုဗိမာန်တော်နှင့် နန်းတော်တွင် လက်ရန်းများပြုလုပ်ရာတွင်လည်း ကောင်း၊ ဂီတဆရာများအတွက်စောင်းကြီး၊ စောင်းငယ်များပြုလုပ်ရာတွင်လည်းကောင်း အသုံးပြုတော်မူ၏။ ထိုမျှကောင်းသောစန္ဒကူး သားမျိုးကိုဣသရေလပြည်သို့ ယခင်အဘယ် အခါကမျှမသွင်းစဖူးချေ။ ယနေ့တိုင် အောင်လည်းမမြင်ဘူးချေ။
13. ရှောလမုန်မင်းသည်အခါအားလျော်စွာ ပေးလေ့ ပေးထရှိသည့်လက်ဆောင်များကို ရှေဘဘုရင်မ အားရက်ရောစွာပေးတော်မူသည့်အပြင် ဘုရင်မ အလိုရှိသမျှသောအရာတို့ကိုလည်းပေးတော် မူ၏။ ထို့နောက်ဘုရင်မနှင့်အခြွေအရံတို့သည် ရှေဘပြည်သို့ပြန်သွားကြ၏။
14. နှစ်စဉ်နှစ်တိုင်းရှောလမုန်သည်ရွှေချိန်နှစ်ဆယ့် ငါးတန်ရရှိ၏။-